Sunday, January 1, 2017

Huawei Board Firmware တင်နည်း

Huawei ဖုန်းတွေ Logo ရပ်နေပြီး Firmware တင်မရဖြစ်နေတာတွေ ၊
Downgrade ဆင်းချင်တာတွေ ၊ Boot Verify Fail ဖြစ်နေတာတွေအတွက်

ဒီနည်းနဲ့ဖြေရှင်းနိုင်ပါတယ်၊ ပထမဆုံးလိုအပ်တာတွေကတော့ မိမိဖုန်းနဲ့သက်ဆိုင်တဲ့
Board Firmware တွေကို Download ရယူထားဖို့ပါပဲ၊ အောက်မှာဒေါင်းလိုက်ပါ။


Huawei Board Firmware
 ================
(Board Software တွေကို Google နှင့်အခြား Website များမှရယူတင်ပေးထားတာဖြစ်ပါတယ်)

ပြီးသွားရင်တော့ Board Software တင်ဖို့အတွက် Tool ကို Download ရယူပါ။
Huawei Smart Phone Multi Download
ပြီးရင်ဖုန်းကို Qualcomm Qloader 9008 Mode ကိုဝင်ရပါမယ်.

adb သိတဲ့လူတွေကတော့ adb reboot edl နဲ့ဝင်ပါ။ 
adb မသိတဲ့သူတွေကတော့ Qualcomm Jig နဲ့ဝင်လို့ရပါတယ်။
Computer ထဲမှာ Qualcomm Driver သွင်းဖို့မမေ့ပါနဲ့

Huawei Official Board Software ရဲ့ ပုံလေးကတော့ အောက်မှာမြင်ရတဲ့ပုံလေးပါ။
ပြီးရင် Huawei Smart Phone Multi Download ကို ဖွင့်လိုက်ပါ။
Manufacture ကိုရွေးပေးပါ။

ပြီးရင် Next ကို နှိပ်လိုက်ပါ။
Password ကို 12345 ဆိုပြီးပေးလိုက်ပါ။

မိမိ Flash လိုတဲ့ Board Firmware ထဲက xml ကိုရွေးပေးလိုက်ပါ။
ပြီးရင် Next ကို သွားပါ။
Scan & Download ကိုနှိပ်ပါ။ ပြီးရင် ဖုန်းကို edl mode ၀င်လိုက်ပါ။
Device Manager မှာကြည့်လိုက်ရင Qualcomm Qloader 9008 ဆိုပြီး 
port တစ်ခုတက်လာတာတွေ့ရပါလိမ့်မယ်။
40% ရောက်သွားတာနဲ့ ဖုန်းဟာ Reboot ကျပြီး 
သုံးရောင်ခြယ် Color နဲ့တက်လာပါလိမ့်မယ်
ပြီးရင် Download Complete ဖြစ်ပြီဆိုရင်တော့ ဖုန်းကို Battery ဖြုတ်လိုက်ပါ။

Official Firmware ပြန်တင်လိုက်ပါ။ ဒါဆိုအဆင်ပြေပါပြီ။

Huawei Honor Holly Hol-U19 Version 4.4.2 Offical Firmware တင်နည်;

honor hol-u19 ဖုန်းအတွက် Firmware နဲ့တင်နည်းအပြည့်အစုံကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Firmware တင်နည်းအပြည့်အစုံဆိုရာတွင် ဒီဖုန်းအတွက် Official Firmware ကို
SD ကဒ်ဖြင့်လည်းတင်ယူနိုင်သလို SP Flash Tool ကိုအသုံးပြုပြီး Firmware ကို
အလွယ်တကူလည်းရေးသားနိုင်ပါတယ်။

 Stock Rom ကိုလည်း အလွယ်တကူ Recovery ပြုလပ်နိုင်ပါသေးတယ်
ဒါကြောင့် အပြည့်အစုံလို့ပြောလိုက်ရခြင်းဖြစ်ပါတယ်။


သင့်ဖုန်းက အကြောင်းအမျိုးမျိုးကြောင့် Firmware ရေးသားရတော့မယ်ဆိုရင်တော့
ယခုဖေါ်ပြပါ နည်းလမ်းများသည် လုံးဝ Support လုပ်ပေးမယ်ဆိုတာကို 100% အာမခံပါသည်။

ကွန်ပျူတာအတွက်လိုအပ်မယ့် USB Driver ကိုရယူပါ

Download Here USB Driver for windows

SP Flash Tool ကိုဒေါင်းလော့ရယူပါ

Download Here SP Flash Tool

OR

Download SP Flash Tool zip

အောက်ပါ Firmware သည် SP Flash Tool Firmware များဖြစ်သည်

Huawei honor hol-u19 SP Flash Tool Firmware
Huawei.Hol-U19.MT6582 (575.33 MB)

Huawei Hono Holly U19 SP Flash Tool Firmware
Holly_U19_V100R001C583B105 (1.3G)

Huawei honor hol u19 SP Flash Tool Firmware
(575.33 MB)

အောက်ပါ Firmware များသည် Stock Rom များဖြစ်ကြသည်

Huawei Honor Holly (U19) B109 Stock KitKat Firmware

ံHuawei honor hol u19 Hol-U19 4.4.2 B106.Zip

Huawei honor hol u19 Holly-U19V100R001C328B105.Zip

Huawei honor hol u19 Holly-U19V100R001C328B107.Zip

SD Card ဖြင့် Firmware တင်နည်း
====================
၁။ ဒေါင်းလော့ရလာတဲ့ Firmware zip ဖိုင်ကိုဖြေလိုက်ပါ
၂။ 'dlod' ဖိုင်ကို SD Card သို့ကူးထည့်လိုက်ပါ။
SD ကဒ်သည် 4.GB ဖြစ်နေရပါမယ် ကဒ်အဟောင်းဆိုရင်တော့
Format ချပြီးမှအသုံးပြုပါ။ SD Card ကိုဖုန်းမှာထည့်လိုက်ပါ။
၃။ ဖုန်းကိုပါဝါပိတ် Battery ကိုဖြုတ်လိုက်ပါ၊ ခနကြာပြန်တပ်။
၎။ Firmware တင်ရန်အတွက် Vol up + Vol down + Power ကီးများကို
တစ်ခါတည်းတွဲနှိပ်ထားလိုက်ရုံပါပဲ။

SP Flash Tool ဖြင့်တင်နည်း
==================
၁။ USB Driver ကိုကွန်ပျူတာမှာအဆင်ပြေအောင်လုပ်ပါ
၂။ SP Flash Tool Zip ဖိုင်ကိုဖြေလိုက်ပါ၊ ပြီးရင် ဖွင့်လိုက်ပါ
၃။ Scatter-loading ဆိုတာကိုတစ်ချက်နှိပ်ပါ ဒေါင်းလေ့ရယူ
ထားတဲ့ Scatter File (သို့) “MT6582_Android_scatter_emmc.txt”.
ဆိုတာကို တစ်ချက်နှိပ်ပြီးရွေးပေးလိုက်ပါ။



၎။ Box ထဲမှာ အမှန်ခြစ်အားလုံးကို ခြစ်ထားပေးလိုက်ပါ။
၅။ Download ဆိုတာကိုနှိပ်လိုက်ပါ။
၆။ ဖုန်းကို ပါဝါပိတ် Battery ကိုဖြုတ် USB ကြိုးဖြင့် ကွန်ပျူတာတွင်
ချိတ်ဆက်လိုက်ပါ ပြီးမှ Battery ကိုပြန်တပ်လိုက်ပါ။
၇။ ကွန်ပျူတာကိုသိပြီဆိုတာနဲ့ Flash Tool တွင် အ၀ါရောင်တန်း
စတင်ပြေးနေပါလိမ့်မယ် ခနစောင့်နေလိုက်ပါ။
၈။ အောက်ပါပုံအတိုင်း အစိမ်းရောင်ဖြင် OK ဆိုပြီးပြလာတဲ့အခါ
သင့်ဖုန်းကို Firmware ရေးသားခြင်းကိစ္စအောင်မြင်စွာဖြင့်ပြီးဆုံးပါ။


၉။ ကြိုးကိုဖြုတ် ဖုန်းရဲ့ Battery ကိုဖြုတ် ပါဝါကိုဖွင့်ကြည့်လိုက်ပါ
Official Stock Firmware လေးလန်းနေပါလိမ့်မယ်။

(မှတ်ချက် Flash Tool ကောင်းကောင်းအလုပ်မလုပ်ရင်တော့
ကွန်ပျူတာကို Restart ချပေးပြန်လုပ်ကြည့်ပါ)

Stock Rom ကို Recovery ရယူနည်း
=======================
၁။ Update.zip ဖိုင်ကို SD Card သို့ Copy ကူးထည့်လိုက်ပါ
၂။ ဖုန်းကိုပါဝါပိတ်လိုက်ပါ Battery ကိုခနဖြုတ်ထားပါ
၃။ Volume up + Volume Down + Power Button
များကိုတွဲနှိပ်ပြီး Recovey Mode သို့ဝင်လိုက်ပါ
၅။ 'Install' From SD Card ထဲမှ Update.zip ဆိုပြီး
တစ်ချက်ချင်းနှိပ်ပြီးရွေးချယ်ပေးလိုက်ပါ။
၆။ အားလုံးပြီးရင် ဖုန်းကို Reboot ချပေးလိုက်ပါ
ပြန်တက်လာတဲ့အခါ Normal firmware လေးပိုင်ဆိုင်နိုင်ပါပြီ။

mobile odin ကိုအသုံးပြုပြီး official firmware တင်နည်း

ဒီနည်းလေးက ကွန်ပျူတာမရှိတဲ့သူငယ်ချင်းတွေအတွက် အဆင်ပြေစေပါတယ်ဗျာ။
mobile odin ကိုအသုံးပြုပြီး official firmware တင်ရအောင်ဗျာ။ ကဲ့ ပထမဦးဆုံး
မိမိတင်မယ့် firmware ကို download လုပ်ပြီး firmware zip ကို extractလုပ်
ရလာတဲ့ ဖိုင်ကို မိမိဖုန်းရဲ့ internal or external sd card ထဲကိုထည့်ထားပါပြီရင်
mobile odin ဆော့ဝဲကိုဖွင့်လိုက်ပါ။ superuser access တောင်းလျှင် grant လုပ်
ပေးလိုက်ပါ ။
ပြီးရင် open file ကိုဖွင့်လိုက်ပါ။
  ပြီးရင် မိမိ အသုံးပြုသည့် zip ဖိုင်ဖြည်ထားတဲ့ firmware file ကို
ရွေပေးလိုက်ပါ
တကယ်လို့မိမိရွေးပေးလိုက်တဲ့ firmware file မှားလားမှန်လားသေချာစစ်
ပေးပါ အကယ်လို့ မှားနေလျှင် open file ရဲ့အောက်က clear all ကိုနှိပ်ပေး
လိုက်ပါ။ပြီးရင် မိမိဖုန်းမှာ root တစ်ခါထဲလုပ်ချင်ရင် ever root ရဲ့အောက်
မှာ>>enable everroot>>inject superuser>>inject mobile odin တို့
ကိုအမှတ်ခြစ်ပေးထားပါ။တကယ်လို့ root နဲ့မသုံးဘူးဆိုရင် >>enable everroot>
inject superuser>>inject mobile odin တို့ကိုအမှတ်ခြစ်စရာမလိုပါ။
   
ဒီအဆင့်မှာတော့ root လုပ်သည်ဖြစ်စေ root မလုပ်သည်ဖြစ်စေ
wipe data and cache >>wipe dalvik cache  ကိုအမှတ်
ခြစ်ပေးရပါမည် ။

အထက်ပါလုပ်ဆောင်ချက်တွေ လုပ်ပြီးရင် FLFSH ရဲ့အောက်က flash
firmware ကိုနှိပ်ပေးလိုက်ပါ။ထည့်ထားသည့်ဖိုင်မှန် မမှန်စစ်ခိုင်းပါလိမ့်
မယ်။ကိုယ်ထည့်ထားတာမှန်တယ်ဆိုရင်တော့ SKIP နှိပ်ပြီးကျော်သွား
နိင်ပါတယ်ဗျာ။စစ်ချင်ရင် CHECK ကိုနှိပ်ပေးလိုက်ပါ။ဖိုင်ကိုစစ်ဆေးပြီးရင်
ဖုန်းက firmware flash လုပ်ရန်အတွက် auto reboot ကျသွားပါလိမ့်မည်။
ပြီးရင်အပြာရောင်စက်ရုပ်ပုံလေးတက်လာပါလိမ့်မယ်။ပြီးရင်ခဏစောင့်လိုက်
ပါ mobile odin က auto လုပ်ဆောင်ပေးနေပါလိမ့် မယ်။ အားလု့းပြီးသွာရင်
ဖုန်းကလိုအပ်တဲ့ဖိုင်တွေကို auto install လုပ်ပေးပါလိမ့်မယ်။ flashing
firmware ကိုထည့်သွင်းနေသည့် အချိန်မယ် ဖုန်းကိုပါတစ်ခါတည် root လုပ်
ပေးမှာဖြစ်ပါတယ်။ auto install လုပ်ပြီးသွားရင် firmware အသစ်နဲ့root
လေးနဲ့  ok ပြီပေါ့........:-p
လိုအပ်သောဆော့ဝဲလ်ကို အောက် ကလခ့်မှာ ဒေါင်ယူပါ

Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download



                                               Huawei  Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။



(or)

ဒါကတော့  Huawei G610 Official ROM  တွေ...
 Build No ကိုရွေးပြီးဒေါင်းပါ..။

G610-T00,Android 4.2,V100R001CHNC01B122680959168

G6100-U00,Android 4.2,Emotion UI,V100R001CHNC17B126

G610-U00,Android 4.2,Emotion UI,V100R001CHNC17B127

G610-C00,Android 4.2,Emotion UI,V100R001C92B122


  Firmware (ROM) တင်နည်း

 ဒေါင်းလို့ ရလာတဲ့ Zip  ဖိုင်လ်ကို ဖြည်ပြီး အထဲက dload ဖိုလ်ဒါကို SD Card ထဲ COPY ကူးထည့်ပါ
ပြီးရင် SD Card ကို ဖုန်းထဲထည့်ပြီး ဖုန်းရဲ့ Vol-up + Vol-down  ကို ပြိုင်တူဖိနှိပ်ပြီး Power ကိုဖွင့်ပေးလိုက်ရင်သူဟာသူအော်တို Firmware တင်ပေးသွားမှာပါ...။

(SD Card ကောင်းဖို့ လိုအပ်ပါတယ် SD card မကောင်းရင် Firmware တင်တာမအောင်မြင်တတ်ပါဘူး)


 Root လုပ်နည်း

 ပထမဆုံး ကွန်ပျူတာက Huawei ကိုသိဖို့လိုပါတယ်  Huawei Driver ကို ဒီမှာ ဒေါင်းလိုက်ပါ..


ပြီးရင် ဒီ V Root Tool လေးနဲ့ အလွယ်တကူ Root နိုင်ပါတယ်...။


V-Root V1.4

  Root ဆိုတဲ့ အဲဒီအစိမ်းခလုတ်လေးကို နှိပ်လိုက်ပါ။ 


vroot-rooting 


vroot-rootsuccess


Root လုပ်လို့ အောင်မြင်သွားပြီးဆိုရင် အပေါ်ကပုံလေးလိုပေါ်လာပါလိမ့်မယ်။

(Root ဖြစ်မဖြစ် သိချင်ရင် “Root Checker” ကို  Google PLAY store မှ ဒေါင်းယူ Install ပြီး စစ်ဆေးနိုင်ပါတယ်)။။


CWM  Recovery တင်နည်း 

 Mobileuncle Tool  ကို အရင်ဒေါင်းလိုက်ပါ....
  CWM recovery ဆိုတဲ့ RAR ကိုဖြည်ပါ...အဲဒီထဲက ထွက်လာတဲ့ recovery.img ဆိုတဲ့ ဖိုင်ကို SD Card ထဲကို Copy ကူးထားပါ. ပြီးရင် Mobileuncle tool.apk ကိုဖုန်းထဲကို install လုပ်ပါ
Mobileuncle Tool ကိုဖွင့်ပြီး အောက်က ပြထားတဲ့ပုံလေးတွေအတိုင်း အဆင့်ဆင့်
လုပ်ဆောင်လိုက်ပါခင်မျာ.....
 


ဒီအဆင့်ထိလုပ်ပြီးပြီဆိုရင် ဖုန်းက Reboot ကျသွားမှာပါ ပြန်တတ်လာရင်. CWM Recovery တင်လို့ပြီးပါပြီ။


 ဇော်ဂျီဖောင့်လုံးဝမသွင်းရသေးသော ဖုန်းများအတွက်နည်းလမ်း (၁)

 မြန်မာဖောင့်လုံးဝ မသွင်းရသေးသော Huawei G610S ဖုန်းများတွင် 100% အဆင်ပြေပါတယ်။ ဖုန်းကို Root လုပ်ထားဖို့တော့လိုအပ်ပါမယ်။ (Root ရှိရန်လိုအပ်ပါသည်။)
အခု Tool လေးကို ရေးသားသူကတော့ Developer ကိုပြည့်စုံ (MobiMax) ဖြစ်ပါတယ်။ 


Download One Click Tool

G610 Correct Zawgyi Fonts One Click Install
အပေါ်ကလင့်ကို ဒေါင်းပြီး Rar ဖိုင်ကို ဖြည့်ပါ။ရလာတဲ့ ဖိုင်ထဲမှ .exe ဖိုင်ကို Run ပါ။ပြီးရင် Press Any Key ကိုနှိပ်ပါ။
ဖုန်းမှာ Root Access တောင်းလျှင် Allow ကိုနှိပ်ပါ။ပြီးလျှင် ဖုန်းအလိုလျှောက် Reboot ကျပြီး ပြန်တက်လာလျှင် Myanmar fonts ရရှိမှာဖြစ်ပါတယ်။ မြန်မာစာလည်း မှန်ကန်စွာပေါ်ပါလိမ့်မယ်။


 ဇော်ဂျီဖောင့်ထည့်ပြီးသားဖုန်းများအတွက် နည်းလမ်း (၂)
————————————-
အခြားနည်းများနဲ့ မြန်မာစာဖောင့် ထည့်ထားပြီး မြန်မာစာမမှန်သေးတဲ့ ဖုန်းများအတွက်ကတော့ အောက်က Link က File ကိုရယူလိုက်ပါ။

Download Huawei G610S Original Font & Root Explorer Apk

အရင် ဆုံး G610 Oringinal Fonts.Rar ကို ဒေါင်းပါ။အဲဒီထဲက Root Explorer apk ကိုဖုန်းမှာ install လုပ်ပါ။ နောက်တစ်ဖိုင်ဖြစ်တဲ့ Fonts Folder ကိုတော့ ဖုန်းမန်မိုရီကဒ် ထဲတည့်ပါ ။ပြီးလျှင် RootExplorer ကို အသုံးပြုပြီး System/Fonts folder ထဲသို့ ထည့်ပါ။

Replace လုပ်ထည့်ပါ။ ပြီးလျှင် ဖုန်းကို Reboot လုပ်ပါ ။ပြီးလျှင် အထက် က နည်းလမ်း (၁) ကိုအသုံးပြုပြီးမြန်မာစာဖောင့်ထည့်ပါ ။မှန်ကန်တဲ့ Zawgyi Fonts ကို ရရှိမှာဖြစ်ပါတယ်။


 နောက်ထပ် မြန်မာစာ မမှန်တာမျိုးတွေကိုတော့ အောက်ပါ Tool လေးတွေနဲ့ ဖြေရှင်းနိုင်ကြပါတယ်..။


မည်သည့် Android ဖုန်းမဆို Root Access ရပြီဆိုတာနဲ့  မြန်မာစာ ထည့်သွင်းဖို့ လွယ်သွားပါပြီ..
Android Version 4.3 အတွက် မြန်မာစာ နဲ့ မြန်မာစာ မမှန်တာမျိုးတွေကို  ကို Djjoe Man (MMF) ရေးထားတဲ့ ဒီ Font Changer လေးကိုဒေါင်းယူပါ.....
Font Changer.APK လေးကို Phone ထဲမှာ Install လုပ်လိုက်ပါ... ပြီးရင် Install now ကို နှိပ်ပြီး Super su request တောင်းပါမယ်.. Grant နှိပ်ပေးလိုက်ပါ…ပြီးရင် Restart ကျပြီး..မြန်မာစာကို မှန်ကန်စွာမြင်ရပါပြီ..။


Android Version 2xx , 4 xx နှင့်အထက် တွေမှာ မြန်မာစာ အဆင်မပြေသေးဘူးဆိုရင် ဒီ ကိုကျော်စွာသွင် ရေးထားတဲ့ Smat Zawgyi (or) Smat Zawgyi ကို ဒေါင်းယူပြီး  ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ (Driver ရှိရပါမယ် မရှိသေးရင် လိုအပ်တဲ့ USB Driver တွေကို ဒီနေရာမှာ ဒေါင်းယူပါ) 
 Smat Zawgyi ကို Zip ဖြည်ပြီး အထဲက .bat ဖိုင်လ်လေးကို Right Click > Run as administrator နဲ့ Run ပေးလိုက်တာနဲ့ အလိုလျောက် မြန်မာစာတွေ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်...။ ခဏနေရင် ဖုန်းဟာ Restart ကျပြီး.... မြန်မာစာတွေ မှန်ကန်စွာမြင်ရမှာပါ..။
MMSD Smart Zawgyi v1.5  ကတော့ Android version 1.6 ကနေ 4.4 အထိအသုံးပြုနိုင်ပြီး Android 4.1 နဲ့အထက်တွေမှာအသုံးပြုမယ်ဆိုရင် အရင် ဇော်ဂျီထက် ပိုမိုမှန်စေပါတယ်။ Apk ဖိုင်လ်လေးပါ ဖုန်းထဲမှာပဲ Install လုပ် Run ပေးပြီး ညွှန်ကြားချက်အတိုင်း နှိပ်ပေးရုံပါပဲ ..။ မြန်မာ Developer ကိုဖြိုးချမ်း ရေးထားတာပါ..။
Android  Device တွေအတွက် မြန်မာစာတွေ ရေး နိုင်ဖို့ အတွက် မြန်မာ Keyboard  ကိုတော့ ဒီနေရာမှာ ဒေါင်းယူပါ...။
သက်ဆိုင်သူ Developer အားလုံးကို Credit ပေးပါတယ်..။

MTK cpu သုံး ဖုန်းတွေကို Firmware backup ဆွဲထုတ်



ကဲ......ဒီတစ်ခါ MTK cpu သုံးတဲ့ iMobile , Chain Android Clone စသည့်ဖုန်းတွေကို လွယ်လွယ်ကူကူနဲ့  Firmware backup ဆွဲထုတ်ပြီပြန်သိမ်းထားရအောင် ဥပမာ rom ရှာရခက်မဲ့ဖုန်းတစ်လုံးကို ကလိတော့မယ်ဆို မကလိခင်အရင် သူဖုန်းrom ဆွဲသိမ်းထားလို့ ရပါတယ် အကယ်၍သူဖုန်းက
logo ကနေမတက်တော့ဘူဆိုrom ရှာရတဲ့ တိုင်ပတ်တဲ့ ဒုက္ခမတွေ့ တော့ဘူပေါ့ ဖုန်းကလိတက်တဲ့သူငယ်ချင်းတွေ ဆောင်ထားသင့်တဲ့ software ပါ လိုအပ်တဲ့သူတွေ အောက်မှာဒေါင်းယူလိုက်နော်...
(OR)  
Here Here  , Here


ကဲဖုန်းတစ်လုံးကို backup rom မဆွဲထုတ်ခင် အရင်ဆုံးအရေကြီးတာက အဲဖုန်းရဲ့ usb driver ကိုသွင်းထားရပါမယ် ပြီရင် ဖုန်းကို root ဖောက်ထားရပါမယ် 
ကဲအာလုံအဆင်သင့်ဖြစ်ရင် စောစောကဒေါင်းထားတဲ့ Backup tools ကိုဖွင့်လိုက်ပါ

ပြီရင်စက်ရုပ်ပုံနဲ့ MTKdroid tools နေရာမှာဖွင့်လိုက်ပါ



 ပြီရင် မိမိဖုန်းကို ကွန်ပျူတာနဲချိတ်ဆက်ပေးလိုက်ပါ
ကွန်ပျူတာက ဖုန်းကိုသိသွာပြီဆိုရင် အောက်နာက အပြာရောင်ပြထားတဲ့နေရာမှာ မိမိဖုန်းမော်ဒယ်ပေါ်လာပါမယ် ချိတ်ဆက်မူအောင်မြင်ပြီဆိုရင်  root backup recovery နေရာမှာနှိပ်ပါ

ဒီပုံအတိုင်တက်လာပြီဆိုရင် Backup နေရာမှာနှိပ်ပါ ပြီရင်ခဏစောင့်နေပါ

အောက်မှာ အစိမ်ရောင်အတန်တက်နေပါမယ် ခဏစောင့်နေပါ copying is complete 
စာတန်တက်လာပါက backup ဆွဲလို့ အောင်မြင်နေပါပြီ

ဒါဆို ဆွဲထုတ်ထားတာသေခြာလာမသေခြာလာ ဆိုတာ To prepare blocks for flashtools နေရာမှာနှိပ်ပါ

ဒီပုံအတိုင် Md5 ဖိုင်းနဲထွက်နေပါမယ်

ဒါဆို ဖိုင်းပြန်ခွဲထုတ်ဖို့ အတွက် open နေရာမှာနှိပ်ပေးလိုက်ပြီ ခဏစောင့်နေပါ
ဒီလိုမျို packing backup  yes, no စာတန်တက်လာရင် no မှာနှိပ်ပေးလိုက်ပါ 

ပြီးရင် စောစောက ဖိုင်းဝဲ Md5 ဖိုင်းထွက်ခဲ့တဲ့နေရာမှာ သွားပြန်ကြည့်ပါ zip ဖိုင်းနဲ့ ဒီလို့ ဖိုင်းအသစ်ရောက်နေပါမယ် ဒါဆို backup လုပ်လို့ အောင်မြင်ပါပြီ...


 နဂိုဖုန်းသို့ မဟုတ် တစ်ခြားအမျိုးစာတူတူဖုန်းထဲကို ပြန်flash ခြင်ရင် SP Flash tools သုံးပြီးပြန်Flashနိုင်ပါသည် ဒါဆို rom ရှာဒေါင်းရတဲ့ ဒုက္ခ ကနေ ကးင်ဝေပါပြီ...

Featured Post

Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download

                                               Huawei  Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။...