Pump size ရွေးပုံရွေးနည်းလေး တခုဖြစ်ပါသည်။
Horse power of pump ( ပန့်၏ မြင်းကောင်ရေ
The horse power of a pump is determined by the work done by the pump in
the raising a particular quanitity of water to some height. (
ပန့်တစ်လုံး၏ မြင်းကောင်ရေ ဆိုသည်မှာ ပန့်တလုံး၏ အမြင့်ဘယ်လောက်မှာ ရေပမာဏ
ဘယ်လောက်တင်ပေးနိုင်သည်ဆိုသော ပန့်၏ လုပ်အားပမာဏ ( work done )ကို
သတ်မှတ်ပေးခြင်းသာ ဖြစ်ပါသည်။
Let, W = Quanitity of water in (kg) W ဆိုသည်မှာ ရေ၏ ပမာဏဖြစ်၍ ယူနစ်မှာ ကီလို ဂရမ် ဖြစ်သည်။
H = Total head in (m)
H ဆိုသည်မှာ ပန့်၏ တွန်းနင်န်ုင်သော အမြင့်ဖြစ်၍ ယူနစ်မှာ မီတာ ဖြစ်သည်။
Then, work done by pump = W x H ( ပန့်၏ပြီးမြောက်သော အလုပ်ပမာဏ = W x H ဖြစ်သည်။
Where, W = w x Q
ဒီနေရာမှာ W ဆို w x Q ဖြစ်ပါသည်။
Where, w = Density of water ( 1000 kg/m3 )
ဒီနေရာမှာ w ဆိုတာ ရေ၏ သိပ်သည်းမှု့ ၁၀၀၀ ကီလိုဂရမ် / ကုဗမီတာ ဖြစ်ပါသည်။
Q = Discharge in ( m3 / sec )
Q ဆိုသည်မှာ ရေစီးနှုန်း ( Flow rate )ကို ပြောတာ ဖြစ်သည်။
Again, Total head
တဖန် စုစုပေါင်း တွန်းတင်နိုင်သော အမြင့်မှာ
H = Hs + Hd + Hf
Where, Hs = Suction head
ဒီနေရာမှာ Hs ဆိုတာ ပန့်၏ အဝင် (အစုပ်) ဖြစ်သည်။
Hd = Delivery head
Hd ဆိုတာ ပန့်၏ အထွက် (အတင်) ဖြစ်သည်။
Hf = Head lost due to friction
Hf ဆိုတာ ပိုက်အတွင်း ပွတ်မှု့အားကြောင့် ဆုံးရှုံးသွားသော အတိုင်းအတာ ပမာဏ ဖြစ်သည်။
Hs + Hd ကို APT ( Actual Potential Different ) လို့လည်း ခေါ်နိုင်ပါသည်။
Again, the head lost by friction is given by (a) & (b)
တဖန် ပွတ်မှု့အားကြောင့် ဆုံးရှုံးသွားသော ပမာဏ ကို (a) & (b) ဆို၍ equation နှစ်ခု ပေးထားပါသည်။
(a) Hf = f l Q2 / 3 d5 ( Gravity flow )
(b) Hf = 4 f l v2 / 2 g d
Where, f = coefficient of friction ( 0.01 )
ဒီနေရာမှာ f ဆိုတာ ပွတ်မှု့အား၏ မြောက်ဖော်ကိန်းမှာ ၀.၀၁ ဖြစ်သည်။
l = Total length of pipe in (m) [ Hs + Hd ]
l ဆိုတာ ပန့်၏ အဝင် + အထွက် ပိုက်အရှည် ဖြစ်သည်။
V = Velocity of flow in ( m / s ) [ 0.8 ~ 1.35 m / s ] Economical Diameter of Pumping main
( 0.6 ~ 0.9 m / sec) [Gravity flow ]
V ဆိုတာ ပိုက်အတွင်း ရေစီးနှုန်း ဖြစ်သည်။
g = Acceleration due to gravity ( 9.8 m / sec2 )
g ဆိုတာ ကမ္ဘာမြေကြီး၏ စွဲအား ဖြစ်သည်။
d = Diameter of pipe in (m)
d ဆိုတာ ပိုက်၏ အချင်း (မီတာ) ဖြစ်သည်။
Water Horse Power ( WHP ) = WQH/75
ရေတင် မြင်းကောင်ရေ ( WHP ) ရဲ့ equation မှာ WQH / 75 ဖြစ်သည်။
Considering efficiency of the pump as eff;
ပန့်၏ သာရေ ကို စဉ်းစားမည်ဆိုလျင် ( eff; P ) ဖြစ်သည်။
eff;P = 0.6 ~ 0.8
စားရေသူ ဖုန်း ကီးဖုတ်တွင် ( ရို ) မရှိသောကြောင့် eff; ဟု ရေးသားထားပါသည်။
Brake Horse Power ( BHP ) = WQH/75xeff;P
ပန့်တစ်လုံး၏ တကယ့်မြင်းကောင်ရေမှာ BHP = WQH / 75 x eff: P
Where, you must be recognized 1000 lit / sec equal to 1 m3 / sec
ဒီနေရာမှာ တစ်ကုဗမီတာမှာ ၁၀၀၀ လီတာရှိတယ်ဆိုတာ မှတ်သားထားရပါမည်။
A centrifugal pump is required to lift water at the rate of 150 lit /
sec. Calculate the horse power of the engine from the following data.
၁၅၀ လီတာ / စက္ကန့် ရေပမဏ မြှင့်တင်ရန် ဗဟိုခွါအားပြု
ပန့်တစ်လုံးလိုအပ်ပါသည်။ အောက်ဖော်ပြပါ အချက်အလက်များကို အသုံးပြု၍
အင်ဂျင်တစ်လုံး၏ မြင်းကောင်ရေကို တွက်ချက်ပါ။
1. Suction head Hs = 3m
2. Delivery head Hd = 3m
3. Coffeicient of friction = 0.01
4. Efficiency of Pump eff;P = 75%
5. Diameter of Pipe = 150 mm
Solution set;
Here, Q = 150 lit / sec
= 150/1000 (1m3=1000 l)
= 0.15 m3 / sec
Hs = 3m
Hd = 3m
f = 0.01
d = 0.15 m
l = 6 m ( Hs + Hd )
Now, head lost due to friction
Hf = f l Q2 / 3d5
= 0.01 x 6 x (0.15)2 / 3 x (0.15)5
= 0.01x 6 / 3 x (0.15)3
= 0.06 / 0.010125
= 5.9259 m
Hf = 5.93 (say)
So, H = Hs + Hd + Hf
= 3 + 3 + 5.93
H = 11.93 m
Here,
efficiency of Pump = 75%
= 75/100
= 0.75
BHP = WQH / 75 x eff; P
= (1000kg / m3 ) x (0.15 m3/ sec) x 11.93'm / 75 x 0.75
= 1789.5 / 56.25
BHP = 31.813 hp
So,
BHP = 32 hp say
Thursday, September 20, 2018
Myanmar Fire Protection
မင်္ဂလာပါ ။
One Stop Service for Fire Protection မို့လို့
လူကြီး မင်း တို့ မှာ လို အပ် နေ တဲ့ System ပဲ ဖြစ် ဖြစ် ၊ Material ပဲ ဖြစ် ဖြစ် ရှိ လာ ခဲ့ရင် Myanmar Fire Protection ကို သတိ ရ လိုက် ပါ။
FSC (Fire Safety Certificate) ဝန် ဆောင် မှု ကို လည်း လုပ် ဆောင် ပေး နေ ပါ ပြီ ။

Monday, July 23, 2018
Resistor အရောင်ဖတ်ခြင်း
Resistor အရောင်ဖတ်ခြင်း
စာကတော့နည်းနည်းရှည်ပါတယ် ဖြတ်ပစ်၍လည်း မရ၍ သည်းခံဖတ်ပေး ကြစေလိုပါတယ် လွန်ခဲ့တဲ့ ၆ လခန့်က ဤအကြောင်းကိုတင်ထားဘူးပြီးဖြစ်ပါတယ် အချို့မိတ်ဆွေတွေ တောင်းဆိုမှု့ကြောင့် ပြန်တင်ထားခြင်းဖြစ်ပါတယ်
ရီစစ္စတာသည် အီလက်ထရွန်းနစ်ပါတ်လမ်းများတွင် အသုံးအများဆုံးသော အခြေခံအီလက်ထရွန်းနစ်အစိတ်အပိုင်းတခုဖြစ်သည် ယင်း၏အဓိလုပ်ငန်းစဉ်မှာ Ampere ကိုအလိုရှိသလိုလျော့ချရန် မိမိအလိုရှိရာဗို့အားကို ရရှိလာစေရန်ဖြစ်သည်
ယင်းကိုထုတ်လုပ်သည့်အခါ Resistance ( R ) ကိုရရှိအောင်ထုတ်လုပ်သည် ရီစစ္စတာ၏မျက်မြင်အရွယ်အစားသည် ပါဝါခံနိုင်မူပေါ်မူတည်နေသည် ဆိုလိုသည်မှာ ပိုကြီးလျှင် Watt များများခံနိုသည် သို့သော် အရွယ်အစားနှင့် Resistance မှာဆက်စပ်မှု့မရှိချေ
Resistor ကို Ohm ယူနစ်ဖြင့်တိုင်းတာသည် ရီစစ္စတာတွင် Fix တန်ဖိုးမပြောင်းလဲနိုင်သော ရီစစ္စတာနှင့် Veriable Resistor တန်ဖိုးပြောင်းလဲနိုင်သော ရီစစ္စတာဟူ၍ နှစ်မျိုးသာရှိပေသည် ။ ၄င်းတို့သည် အရွယ်အစားသေးငယ်ကြသဖြင့် တန်ဖိုးကို အရောင်များဖြင့်
ကိုယ်ထည်ပေါ်တွင်ဖော်ပြထားပြီး အရောင်ကိုဖတ်၍ တန်ဖိုးကို ပြန်တွက်ယူရပေသည်
( နက် ညိုနီ မော် ဝါ စိမ်း ပြာ ရမ်း ခိုး ဖြူ )စသည့်ယင်းလင်္ကာလေးကိုကျက်ထားပေးပါ
တန်ဖိုးအစားသွင်းပုံမှာမခက်ပေ
နက် ဝ
ညို ၁
နီ ၂
မော် ၃
ဝါ ၎
စိမ်း ၅
ပြာ ၆
ရမ်း ၇
ခိုး ၈
ဖြူ ၉
ယင်း အရောင်နှင့် နံပါတ်ကို ကျက်ထားပေးပါ
အပြောင်းအလဲတန်ဖိုး
ရွေရောင် 5%
ငွေရောင် 10%
ဟူ၍သတ်မှတ်ထားကြသည်
ရွှေရောင်ကို ညာဘက်တွင်ထား၍ ဘယ်မှညာသို့ဖတ်ရမည်
အရောင် ၄ ရစ်ပါ ရီစစ္စတာကို တန်ဖိုးဖတ်မယ်ဆိုပါက ဦးစွာ ပထမအရောင်သည် အုမ်းတန်ဖိုး ဒုတိယအရစ်သည် လည်း အုမ်းတန်ဖိုး တတိယအရစ်သည် မြှောက်ဖော်ကိန်းဖြစ်၍ နောက်ဆုံး ရွှေရောင်သည် တန်ဖိုးပြောင်းလဲနိုင်ခြင်းဖြစ်ပါသည် ရွှေရောင်သည် 5% ဖြစ်ပါက ဆိုလိုသည်မှာ Ohm 100 ရှိသော ရီစစ္စတာဖြစ်ပါက အမှန်တကယ်အုမ်းတန်ဖိုးသည် 95 Ohm မှာ 105 Ohm အတွင်းရှိနေပါမယ် တိတိကျကျမရှိနိုင်ပါပေ ယင်းကဲ့သို့ ရွှေရောင်ငွေရောင်များကိုလည်း မေ့ထားလိုက်ပါ ဘာကြောင့်လဲဆိုတော့ကျတော်တို့ နိုင်ငံတွင် ရွှေရောင်မှလွဲ၍အခြားမရနိုင်ခြင်းကြောင့်ဖြစ်ပါတယ်
စတင်၍တန်ဖိုးဖတ်ကြပါစို့ ဦးစွာ နီ နီ မော် Resistor တလုံးကိုတန်ဖိုးဖတ်မယ်ဆိုလျှင်
ပထမအရစ် နီသည် ၂
ဒုတိယအရစ် နီ သည် ၂ ပါပဲ
တတိယအရစ်ကျတော့ မြှောက်ဖော်ကိန်းပါ ခက်ခက်ခဲခဲမစဉ်းစားပါနဲ့ မော် ဖြစ်၍ မော်သည် ၃ ဖြစ်ပါသည် ထို့ကြောင့် ပထမအရစ်နှင် ဒုတိယအရစ် အရောင်ဖတ်၍ရသော တန်ဖိုး ၂ ၂ နောက်တွင် သုည ၃ လုံးဖြည့်ပေးလိုက်ရုံသာဖြစ်ပါတယ် ဒါကြောင် ၂၂ ၀၀၀ ဖြစ်လာမှာပါ ၁၀၀၀ သည် K ကိုကိုယ်စားပြု၍ ၁သန်းသည် M ဖြစ်ပါတယ် သို့ကြောင့် ၂၂ ၀၀၀ အုမ်းကို ၁၀၀၀ ဖြင့်စား၍ K ဖြစ်အောင် ပြောင်းပစ်ပါတယ် ဒါကြောင့်
22 000 / 1000 = 22 K ဖြစ်လာပါပြီ ပုံထဲတွင် နမူနာ Resistor ၅ လုံးကိုပြထားပါတယ် လေ့လာနိုင်မှာပါ
အောက်ပါအရောင်များကိုလည်းစမ်းသပ်ကြည့်နိုင်ပါတယ်
ဝါ ရမ်း ညို ရွှေ
4 7 + 0 = 470 Ohm
စိမ်း ပြာ နီ ရွှေ
5 6 + 00 = 5.6 K Ohm
နီ ရမ်း ဝါ ရွှေ
2 7 + 0000 = 270 K Ohm
ညို နက် စိမ်း ရွှေ
1 0 + 00000 = 1 M Ohm
ညို နက် ပြာ ရွှေ
1 0 + 000000 = 10 M Ohm
နီ ရမ်း နက် ရွှေ
2 7 = 27 Ohm မြှောက်ဖော်ကိန်း နေရာတွင် အနက်ဖြစ်၍ သုညပါ ဒါကြောင့် ဘာမှထပ်ဖြည့်စရာမလိုပါဘူး ၂၇ အုမ်းသာဖြစ်နေမှာပါ လေ့ကျင့်တာများလာလျှင် လွန်စွာလွယ်ကူပါတယ်

Thursday, July 19, 2018
Tuesday, May 29, 2018
Monday, February 19, 2018
Subscribe to:
Posts (Atom)
Featured Post
Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download
Huawei Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။...
-
PSI ok,okx,ace version 230 OTA update (ဇယားကွက်) လုပ်မိသူများအတွက် မြန်မာလိုင်းများပြန်ထည့်ချင်သူများအတွက်ပါ။softwar e version မတူရင် ရချင်မ...
-
PSI ကို PC ဖြင့် Firmware တင်ခြင်း PSI အကြောင်း နားလည်သလောက် နည်းနည်း ရှင်းပြပါမယ်။ PSI Clone (တရုတ် အတု)တော်တော်များများ ...
-
PSI S2 AEC ကို DB ဖိုင် ထည့်နည်း Quote Post by SPY » Mon Jul 04, 2016 12:49 am ပထမ ဦးစွာ Menu ခလုတ်နှိပ်ပါ Pass...