Monday, July 23, 2018

Resistor အရောင်ဖတ်ခြင်း

Resistor အရောင်ဖတ်ခြင်း
စာကတော့နည်းနည်းရှည်ပါတယ် ဖြတ်ပစ်၍လည်း မရ၍ သည်းခံဖတ်ပေး ကြစေလိုပါတယ် လွန်ခဲ့တဲ့ ၆ လခန့်က ဤအကြောင်းကိုတင်ထားဘူးပြီးဖြစ်ပါတယ် အချို့မိတ်ဆွေတွေ တောင်းဆိုမှု့ကြောင့် ပြန်တင်ထားခြင်းဖြစ်ပါတယ်
ရီစစ္စတာသည် အီလက်ထရွန်းနစ်ပါတ်လမ်းများတွင် အသုံးအများဆုံးသော အခြေခံအီလက်ထရွန်းနစ်အစိတ်အပိုင်းတခုဖြစ်သည် ယင်း၏အဓိလုပ်ငန်းစဉ်မှာ Ampere ကိုအလိုရှိသလိုလျော့ချရန် မိမိအလိုရှိရာဗို့အားကို ရရှိလာစေရန်ဖြစ်သည်
ယင်းကိုထုတ်လုပ်သည့်အခါ Resistance ( R ) ကိုရရှိအောင်ထုတ်လုပ်သည် ရီစစ္စတာ၏မျက်မြင်အရွယ်အစားသည် ပါဝါခံနိုင်မူပေါ်မူတည်နေသည် ဆိုလိုသည်မှာ ပိုကြီးလျှင် Watt များများခံနိုသည် သို့သော် အရွယ်အစားနှင့် Resistance မှာဆက်စပ်မှု့မရှိချေ
Resistor ကို Ohm ယူနစ်ဖြင့်တိုင်းတာသည် ရီစစ္စတာတွင် Fix တန်ဖိုးမပြောင်းလဲနိုင်သော ရီစစ္စတာနှင့် Veriable Resistor တန်ဖိုးပြောင်းလဲနိုင်သော ရီစစ္စတာဟူ၍ နှစ်မျိုးသာရှိပေသည် ။ ၄င်းတို့သည် အရွယ်အစားသေးငယ်ကြသဖြင့် တန်ဖိုးကို အရောင်များဖြင့်
ကိုယ်ထည်ပေါ်တွင်ဖော်ပြထားပြီး အရောင်ကိုဖတ်၍ တန်ဖိုးကို ပြန်တွက်ယူရပေသည်
( နက် ညိုနီ မော် ဝါ စိမ်း ပြာ ရမ်း ခိုး ဖြူ )စသည့်ယင်းလင်္ကာလေးကိုကျက်ထားပေးပါ
တန်ဖိုးအစားသွင်းပုံမှာမခက်ပေ
နက် ဝ
ညို ၁
နီ ၂
မော် ၃
ဝါ ၎
စိမ်း ၅
ပြာ ၆
ရမ်း ၇
ခိုး ၈
ဖြူ ၉
ယင်း အရောင်နှင့် နံပါတ်ကို ကျက်ထားပေးပါ
အပြောင်းအလဲတန်ဖိုး
ရွေရောင် 5%
ငွေရောင် 10%
ဟူ၍သတ်မှတ်ထားကြသည်
ရွှေရောင်ကို ညာဘက်တွင်ထား၍ ဘယ်မှညာသို့ဖတ်ရမည်
အရောင် ၄ ရစ်ပါ ရီစစ္စတာကို တန်ဖိုးဖတ်မယ်ဆိုပါက ဦးစွာ ပထမအရောင်သည် အုမ်းတန်ဖိုး ဒုတိယအရစ်သည် လည်း အုမ်းတန်ဖိုး တတိယအရစ်သည် မြှောက်ဖော်ကိန်းဖြစ်၍ နောက်ဆုံး ရွှေရောင်သည် တန်ဖိုးပြောင်းလဲနိုင်ခြင်းဖြစ်ပါသည် ရွှေရောင်သည် 5% ဖြစ်ပါက ဆိုလိုသည်မှာ Ohm 100 ရှိသော ရီစစ္စတာဖြစ်ပါက အမှန်တကယ်အုမ်းတန်ဖိုးသည် 95 Ohm မှာ 105 Ohm အတွင်းရှိနေပါမယ် တိတိကျကျမရှိနိုင်ပါပေ ယင်းကဲ့သို့ ရွှေရောင်ငွေရောင်များကိုလည်း မေ့ထားလိုက်ပါ ဘာကြောင့်လဲဆိုတော့ကျတော်တို့ နိုင်ငံတွင် ရွှေရောင်မှလွဲ၍အခြားမရနိုင်ခြင်းကြောင့်ဖြစ်ပါတယ်
စတင်၍တန်ဖိုးဖတ်ကြပါစို့ ဦးစွာ နီ နီ မော် Resistor တလုံးကိုတန်ဖိုးဖတ်မယ်ဆိုလျှင်
ပထမအရစ် နီသည် ၂
ဒုတိယအရစ် နီ သည် ၂ ပါပဲ
တတိယအရစ်ကျတော့ မြှောက်ဖော်ကိန်းပါ ခက်ခက်ခဲခဲမစဉ်းစားပါနဲ့ မော် ဖြစ်၍ မော်သည် ၃ ဖြစ်ပါသည် ထို့ကြောင့် ပထမအရစ်နှင် ဒုတိယအရစ် အရောင်ဖတ်၍ရသော တန်ဖိုး ၂ ၂ နောက်တွင် သုည ၃ လုံးဖြည့်ပေးလိုက်ရုံသာဖြစ်ပါတယ် ဒါကြောင် ၂၂ ၀၀၀ ဖြစ်လာမှာပါ ၁၀၀၀ သည် K ကိုကိုယ်စားပြု၍ ၁သန်းသည် M ဖြစ်ပါတယ် သို့ကြောင့် ၂၂ ၀၀၀ အုမ်းကို ၁၀၀၀ ဖြင့်စား၍ K ဖြစ်အောင် ပြောင်းပစ်ပါတယ် ဒါကြောင့်
22 000 / 1000 = 22 K ဖြစ်လာပါပြီ ပုံထဲတွင် နမူနာ Resistor ၅ လုံးကိုပြထားပါတယ် လေ့လာနိုင်မှာပါ
အောက်ပါအရောင်များကိုလည်းစမ်းသပ်ကြည့်နိုင်ပါတယ်
ဝါ ရမ်း ညို ရွှေ
4 7 + 0 = 470 Ohm
စိမ်း ပြာ နီ ရွှေ
5 6 + 00 = 5.6 K Ohm
နီ ရမ်း ဝါ ရွှေ
2 7 + 0000 = 270 K Ohm
ညို နက် စိမ်း ရွှေ
1 0 + 00000 = 1 M Ohm
ညို နက် ပြာ ရွှေ
1 0 + 000000 = 10 M Ohm
နီ ရမ်း နက် ရွှေ
2 7 = 27 Ohm မြှောက်ဖော်ကိန်း နေရာတွင် အနက်ဖြစ်၍ သုညပါ ဒါကြောင့် ဘာမှထပ်ဖြည့်စရာမလိုပါဘူး ၂၇ အုမ်းသာဖြစ်နေမှာပါ လေ့ကျင့်တာများလာလျှင် လွန်စွာလွယ်ကူပါတယ်


No comments:

Post a Comment

follow by email

Featured Post

Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download

                                               Huawei  Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။...