PSI စက်အချင်းချင်း FIRMWARE ကူးမယ်
စက် to စက် ကူးဖို့ရာအတွက် Data Cable အရင်
လုပ်ရပါမယ်။ PSI စက် Upload မှာ တပ်ဖို့ ခေါင်းတွေက
လျှပ်စစ်ပစ္စည်းပြင်တဲ့ဆိုင်တွေမှာ ရှိပါတယ်။ 4 pin ပါတဲ့ခေါင်းရရင်တော့ OK
ပေါ့။
PSI မှာတပ်မဲ့ Socket ကြိုးတွေကို တစ်ခြား စက်ပျက်
ကတ်ပျက်တွေကနေ ရနိုင်ပါတယ်။ ဒီကတ်မှာ 4 pin (၂)
ခုရမှာဖြစ်တဲ့အတွက် စက် to စက် ကူးဖို့အတွက် ရပါပြီ။ ဒါကျွန်တော့ကိုယ်တိုင်
လုပ်ထားတဲ့ ကြိုးပါ။
ကြိုးဆက်ရမဲ့ ပုံစံက
ပထမဆုံး PSI စက်(၂)လုံးကို Data cable တွဲလိုက်ပါ။
ကူးပေးမဲ့ မူရင်းစက် (Master) ကို ပလပ်ထိုးပါ။ ကျန်တဲ့ PSI ကို ပလပ်
မထိုးပါနဲ့ဦး။ ပြီးရင် Menu နှိပ်ပါ၊ Input password
ပေါ်လာရင် 0000 နှိပ်ပါ
System Setup ပြီးရင် Software Update
Upgrade မှာ P2P ထားမယ်။ Type မှာ ALL ထားပြီး Start မှာ OK နှိပ်လိုက်ပါ။
Retry ဆိုပြီး ပေါ်လာရင် Firmware လက်ခံမဲ့စက် (Slave) ကို ပလပ်ထိုးပေးလိုက်ပါ။
Transfering Data ဆိုပြီး ရာခိုင်နှုန်း 100 ထိ တက်သွားပါမယ်။
ဒါဆိုရင် ရပါပြီခင်ဗျာ။
PSI ကို PC နဲ့ FIRMWARE တင်ဖို့ DATA CABLE ပြုလုပ်ခြင်း
ဒီနည်းလမ်းက အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ Programmer နဲ့
IC ဖြုတ်ပြီး ကူး နောက် ပြန်တပ်မယ်ဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ PSI
စက်အတွက် Firmware တွေ ရခဲ့ပေမယ့် PC နဲ့တွဲဖို့ ကြိုးအတွက်
အခက်အခဲဖြစ်နေတဲ့သူတွေများမှာပါ။ ကျွန်တော်ကိုယ်တိုင် (၃)ရက်လောက်
အချိန်ကုန်ခံပြီးမှ ရလာတဲ့ အဖြေတစ်ခုပါ။ စလောင်းအကြောင်း ပြောမယ်-၂ Group
နည်းပညာတွေ မျှဝေပေးတဲ့ အကိုများအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
အထူးသဖြင့် PSI Tools မျှဝေပေးတဲ့ ကိုအောင်သီဟ နှင့် Firmware မျှဝေပေးတဲ့
ကိုရန်ပိုင်ဦးကို ကျေးဇူး အထူးတင်ရှိပါတယ်။
အရင် PSI အတွက် Tools တွေနဲ့ Firmware ယူထားရအောင်
Upgrade လုပ်ဖို့နဲ့ Logo ပြောင်းတဲ့ Tools ကို ဒီမှာ နှိပ်ပြီး ယူဗျာ ။ AEC အတွက် Bin File ပါပြီးသားနော်။
OKX အတွက် Bin File ကို https://www.dropbox.com/s/vztolthrbfp6y7o/OK%20X%20New%20Version%20.....bin?dl=0
အောက်ကပုံအတိုင်း Desktop PC မှာ Serial Port (9 Pin)
ပါတယ်ဆိုရင် တိုက်ရိုက် ဆက်လိုက်ရင်ရပါပြီ။ နောက်လာတဲ့ PC တွေမှာတော့
Serial Port မပါတော့တဲ့အတွက် USB ခေါင်း ပြောင်းဖို့အတွက် USB to RS232
ကြိုးဝယ်မှ ရမှာပါ။
Serial Port PC မှာ တပ်မဲ့ခေါင်းက Electronic Store ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ မရရင်တော့ ခဲနဲ့ တို့ပြီးတွဲပေါ့ဗျာ။
ကြိုးသုံးကြိုး သုံးမှာပါ။ PSI မှာ လေးကြိုးပါပေမယ့် တစ်ကြိုး မသုံးပါဘူး။
PC မှာ Serial Port ပါရင်တော့ ဘာမှမလိုတော့ဘူး။
မပါရင်တော့ ဒီလို USB to RS232 ကြိုးဝယ်ရပါမယ်။ Com port က PC မှာ
မပါလို့ USB ကို ပြောင်းတာဖြစ်ပါတယ်။ MDY မှာတော့ အင်းဝ ကွန်ပျုတာဆိုင်က
ဝယ်ထားတာပါ။ ဈေးမကြီးပါဘူး။ Driver CD တစ်ချပ်ပါပါတယ်။
PC Serial Port ခေါင်းနဲ့ ထပ်ဆက်ရပါမယ်။
ဒါကတော့ USB-RS232 နဲ့ PSI ကို Connection တွဲပုံဖြစ်ပါတယ်။ Serial 9-pin ခေါင်း ၀ယ်မရရင် ဒီလို တိုက်ရိုက်တွဲလိုက်ပါ။
အဲဒါသုံးမယ်ဆိုရင် Driver တင်တာ မှန်မှ ရမှာပါ။
ဒီလို အ၀ါရောင် ပြနေရင် မရသေးပါဘူး။
ဒီလိုဆိုရင် ရပြီ။
No comments:
Post a Comment
follow by email