Friday, March 17, 2017

PSI , IPM ကို Firmware တင်မရသည့် ပြဿနာ ဖြေရှင်းခြင်း

PSI , IPM ကို Firmware တင်မရသည့် ပြဿနာ ဖြေရှင်းခြင်း


  
    အခုတလောမှာ PSI, IPM ကို PC နဲ့ တင်ရာမှာ အဆင်မပြေတဲ့ ညီအကိုတွေ တွေ့နေရပါတယ်။ ကျနော့ဆီ ဆက်သွယ်လာလို့ ဖြေရှင်းပေးလိုက်တာ ရသွားတဲ့သူတွေလည်း ရှိသလို မရသေးတဲ့သူတွေလည်း ရှိနေ ပါသေးတယ်။ ဒါကြောင့် မရသေးတဲ့သူများအတွက် ရည်ရွယ်ပြီး ရေးလိုက်ရတာဖြစ်ပါတယ်။
      PC က 9 Pin ပါတဲ့ အကိုတွေက ကြိုးဆက်တာ မှန်ရင် အလွယ်တကူ ရသွားပါတယ်။ USB ကြိုး သုံးတဲ့  အကိုတွေကတော့ Driver မှန်အောင်တင်ရတဲ့ အခက်အခဲတွေ ကြုံတွေ့ရပါတယ်။ အများစုကလည်း Laptop မှာ Com ပေါက်မပါလို့ USB to RS-232 Converter ကြိုးကို သုံးကြတာဖြစ်တဲ့အတွက် Driver တင်တဲ့ ပြဿနာ ရှိတတ်ပါတယ်။
ဒီအခက်အခဲတွေအတွက် ကျနော် သိတာလေးတွေ တင်ပေးပါမယ်။

        ၁။    USB to RS232 Converter ကြိုး Driver မှန်အောင် တင်မယ်။
        ၂။    Data ကြိုး ဆက်တာ မှန်မမှန်စစ်မယ်။
        ၃။    Com port အလုပ် လုပ် မလုပ်စစ်မယ်။ အဆင်မပြေရင် Com port အသစ်ပြောင်းမယ်။
၁။    USB to RS232 Converter ကြိုး Driver မှန်အောင် တင်မယ်
            ကြိုးဝယ်စဉ်က ပါလာတဲ့ CD ထဲက Driver  ကို အရင်တင်ရမှာပါ။ တစ်ချို့က Driver တင်ရမယ်ဆိုတာတောင် မသိပါဘူး။ USB ထိုးလိုက်ရင် သုံးလို့ ရပြီ ထင်တဲ့သူတွေ ရှိပါတယ်။


 
အမျိုးအစား မတူသလို Driver ဖိုင် တွေလည်း မတူပါဘူး။ Driver  ဖိုင် မပါခဲ့ရင် ကျနော့  Forum ထဲမှာ Register လုပ်ပြီး ဒေါင်းလိုက်ပါ။

ဖုန်းနဲ့ ၀င်ကြည့်မယ်ဆိုရင်တော့  
ဖုန်းနဲ့ ၀င်ကြည့်မယ်ဆိုရင်  အပေါ်ညာဖက်ဒေါင့်က setting ၀င်ပြီး Classic Version ပြောင်းပေးပါ။ Register လုပ်တာ လွယ်အောင် လုပ်ပေးထားပါတယ်။ Facebook နဲ့လည်း Login ၀င်လို့ရပါတယ်။ 
 

           Driver တင်ပြီးရင်  Control Pannel , Device Manager ထဲက Port အောက်မှာ ကိုယ်သုံးတဲ့ USB ကြိုးဟာ Com port တစ်ခုအနေနဲ့ တွေ့ရမှာပါ။


                     ဒီလို အ၀ါရောင် ပြနေသေးရင် မရသေးပါဘူး။


 ဒီလို အ၀ါရောင် မပေါ်ရင်တော့ ရပြီ။ ဒီလို ရမှ ရှေ့ဆက်သွားလို့ ရမှာပါ။ Driver မှန်မယ်။ Com port တစ်ကြောင်း ထွက်လာရင် နောက်တစ်ဆင့် ဆက်သွားပါမယ်။

၂။  Data ကြိုး မှန်/မမှန် စစ်မယ်။
      IPM စက်ကူးတဲ့ကြိုး နဲ့  PSI  ကူးတဲ့ကြိုး Connection မတူပါဘူး။ Socket ထိုးလို့ ရတိုင်း connection မတူပါဘူး။ ကျနော့ Post တွေထဲမှာ ကြိုး Connection တွဲတာကို သေချာပြထားရဲ့သားနဲ့ ခုဖြစ်နေတာက IPM မှာ ရပြီး PSI မှာ မရတာမျိုးတွေဖြစ်နေတာပါ။ ကြိုး Connection မှ မတူတာ မရနိုင်ပါ။

                                     PSI                                                                                 
                                     IPM







 မ
 





PSI နဲ့ IPM ကြိုးဆက်တာ အလယ်ပင် တူပါတယ်။ ဒါကြောင့် အလယ်က အပင်ကို ဒီအတိုင်းထားင်္ပြီး ဘေး ၂-ပင်ကို နေရာပြောင်းပေးရမှာဖြစ်ပါတယ.်။ 

ကြိုးတွဲတဲ့ အခါမှာ အဖိုခေါင်း၊ အမခေါင်းကြောင့် မျက်စိလည်နိုင်ပါတယ်။ အတူတူပါပဲ။ အမခေါင်းထဲကို အဖိုခေါင်း စွပ်ကြည့်လိုက်ပါ။ သဘောပေါက်သွားမှာပါ။

      အဖိုခေါင်း အမခေါင်း စဉ်းစားနေစရာမလိုပါဘူး။ Pin တွေရဲ့ နံပါတ်တွေကို အစဉ်လိုက် ခေါင်းပေါ်မှာ ရေးထားတာ တွေ့ပါမယ်။ အဲ့ဒီနံပါတ်ကိုပဲ ကြည့်တွဲပါမယ်။ PSI ကို ဥပမာထား ပြောရရင်
       PSI စက် LNB နားက   Pin  1   ကို   ခေါင်းကြီး ရဲ့  Pin 5  ကိုဆက်
       PSI က  Pin 2              ကို    ခေါင်းကြီးက  Pin 2 ကို ဆက်
       PSI က  Pin 3             ကို    ခေါင်းကြီးက   Pin 3  ကို ဆက်
ဒါဆိုရင် သဘောပေါက်လောက်ပြီထင်ပါတယ်။

၃။  Com port အလုပ် မလုပ်ရင်
                Driver လည်းမှန်တယ် Com port လည်း မှန်ရဲ့သားနဲ့  Firmware တင်တဲ့အခါမှာ Com port ရွေးတဲ့နေရာမှာ ကိုယ်သုံးရမဲ့ Port ပါမလာတာ။ Com port စစ်တဲ့အခါ  Done မပြပဲ ရပ်နေတာ၊ Cannot open com port ဒီလိုမျိုးတွေဖြစ်တတ်ပါတယ်။ အဲလိုဖြစ်နေရင်တော့ Com Port နံပါတ်ကို ပြောင်းလိုက်ရင်လည်း ရသွားတတ်ပါတယ်။ ကိုယ့်ရဲ Com port ဟာ တခြား App တစ်ခုက သုံးနေတာပဲဖြစ်ဖြစ်၊ Driver ကြောင့်ပဲဖြစ်ဖြစ် Com port ဟာ in use ဖြစ်နေတာ နောက်တစ်မျိုးပြောရရင် Open လုပ်လို့ မရဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ်တင်လိုက်တဲ့ Firmware ဟာ Com port က မထွက်နိုင် ဖြစ်ပြီး error တက်ပါတော့တယ်။ Com port အလွတ် အသစ် ပြောင်းမယ်ဆိုရင်-
   Device Manager ထဲက Port ထဲက ကိုယ့်ရဲ့  Com port ထဲဝင်လိုက်ပါ။


 Port Setting ထဲက  Advanced ကို ၀င်လိုက်ပါ။

 Com Port Number ကို နှိပ်လိုက်မယ်ဆိုရင် ပြောင်းစရာ Com port တွေ အများကြီး ကျလာမှာဖြစ်ပါတယ်။ အဲ့ထဲက in use မပါတဲ့ Port တစ်ခုကို ရွေးပေးပြီး  OK တွေနှိပ်ပြီး ပြန်ထွက်ပါ။ ပြီးရင် ကိုယ်ပြောင်းလိုက်တဲ့ Com နံပါတ်ဖြစ်သွားလား စစ်ပါ။ PC ကို Restart လုပ်လိုက်ပါ။ ပြန်တက်လာရင် Com port ပြန်စစ်ပြီး Firmware တင်တာကို စမ်းကြည့်လိုက်ပါ။

No comments:

Post a Comment

follow by email

Featured Post

Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download

                                               Huawei  Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။...