Monday, February 19, 2018

Fire Protection System

Image may contain: textNo automatic alt text available.No automatic alt text available.Image may contain: textImage may contain: textNo automatic alt text available.No automatic alt text available.No automatic alt text available.Image may contain: textImage may contain: textImage may contain: textImage may contain: textNo automatic alt text available.Image may contain: textNo automatic alt text available.Image may contain: textNo automatic alt text available.No automatic alt text available.Image may contain: textImage may contain: textNo automatic alt text available.

Fire Protection System

မီးလောင်တာနဲ့တပြိုင်နက် အလိုအလျောက် မီးငြိမ်းသက်ဖို့  (to kill fire) နဲ့ အနည်းဆုံး ထိန်းချုပ်ထားနိုင်ဖို့ (to control fire) အတွက် sprinkler system ကို အသုံးပြုပါတယ်။ မီးလောင်တာနဲ့ လူကလာသက်စရာမလိုပဲ အလိုအလျောက် ငြိမ်းသက်ပေးတာက သူ့ရဲ့ အဓိက အားသာချက်ပါပဲ။
မီးလောင်လို့ အပူချိန်တက်လာတာနဲ့ sprinkler ထိပ်မှာရှိတဲ့ ထိပ်ဖူး (bulb) လေးက အရည်ပျော်ပြီး ရေပေါက်လေးပွင့်ကာ ရေ စ ဖြန်းပေးခြင်းဖြစ်ပါတယ်။ ဒေသရဲ့ အပူချိန် အဆောက်အဦး အခန်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဲဒီ ထိပ်ဖူးလေးရဲ့ အပူခံနိုင်ချိန် ကကွာခြားပါတယ်။ sprinkler တစ်ခုရဲ့ အပူချိန် ခံနိုင်အားကို အဲဒီထိပ်ဖူးလေးရဲ့ အရောင်ပေါ်မူတည်ပြီးတော့လည်း ခွဲခြားနိုင်ပါတယ်။ ဥပမာ အနီရောင်ဆိုရင် 63’C အ၀ါရောင်ဆိုရင် 79’c အပြာရောင်ဆိုရင် 141’C အဲဒီလို ခွဲနိုင်ပါတယ်။ အဲဒီအပူချိန်တွေရောက်ရင်တော့ ထိပ်ဖူးလေးကွဲပြီး ရေဖြန်းမှာဖြစ်ပါတယ်။
သာမန်အခန်းတွေအတွက် ၆၈ ဒီဂရီစင်တီဂရိတ်နဲ့ အရေးကြီးတဲ့ ပစည်းတွေ သိုလှောင်တဲ့နေရာတွေ အတွက်တော့ ESFR (Early Suppression First Response) လို့ သတ်မှတ်ပြီး ၇၄ ဒီဂရီ စသဖြင့် ရှိပါတယ်။ ESFR ဧရိယာအတွက် အပူချိန်ခံနိုင်ရည်အားများလို့ အလွယ်တကူ ရေဖြန်းခြင်းမရှိတာက အပေါ်မှာ ပြောခဲ့သလိုပဲ သိုလှောင်ထားတဲ့ အရေးကြီးပစည်းတွေ မလိုအပ်ဘဲ ရေစို ပျက်စီးမှာကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေဖြန်းအားတော့ ပိုကြီးပြီး ပိုများပါတယ်။ အဲဒီလိုပဲ မီးဖိုချောင်က မီးခိုးခေါင်းတိုင်လိုနေရာမျိုးမှာ တပ်ဆင်ရတဲ့ sprinkler တွေဆိုရင်လည်း ခံနိုင်ရည်အားကိုများများထားရပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်ရောက်မှသာ ရေဖြန်းစေဖို့ပါပဲ။
တချို့ မျက်နှာစာ လှလှပပဖြစ်နေရမယ့် အခန်းတွေမှာတော့ ဒီ sprinkler တွေကြောင့် ရုပ်ဆိုးမသွားအောင် sprinkler တွေကို cover plate လေးတွေနဲ့ ဖုံးထားတက်ပါတယ်။ အဲဒီအခါမှာ sprinkler ဘယ်လိုအလုပ်လုပ်လဲဆိုတော့ အဲဒီ cover plate လေးက sprinkler ထိပ်ဖူးထက် အပူခံနိုင်အား ၂၀ ဒီဂရီလောက် ပိုနည်းပါတယ်။ ဥပမာ sprinkler ထိပ်ဖူးက ၆၈ ဒီဂရီစင်တီဂရိတ်မှာမှ အရည်ပျော်မှာဆိုရင် အဲဒီ cover plate ၄၈ ဒီဂရီစင်တီဂရိတ်မှာ အရည်ပျော်ပါတယ်။ အဲဒီအတွက် sprinkler system ကို မထိခိုက်တော့ပါဘူး။ royal flush sprinkler head လို့ ခေါ်ပါတယ်။
sprinkler point တစ်ပွိုင့် ရဲ့ ရေဖြန်းနိုင်တဲ့ဧရိယာ (coverage area) သက်မှတ်ပုံကတော့ အမျိုးမျိုးကွဲပြားပါတယ်။ အဆောက်အဦးအမျိုးအစားအပြင် ကိုယ့်အဆောက်အဦးအတွက် အာမခံထားမယ့် အာမခံကုမဏီတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့လည်း သတိထားရပါတယ်။ အာမခံကုမဏီက အသိအမှတ်ပြုတဲ့ ပစည်းတွေပဲ သုံးရပါတယ်။ အဲဒီအာမခံကုမဏီတွေကလည်း အစိုးရစစ်ဆေးရေးတွေလိုပဲ တင်းကျပ်ပါတယ်။ သူတို့ ပြောထားတဲ့ သူတို့စံနဲ့ ကိုက်ညီမှ သူတို့ဆီမှာ အာမခံထားလို့ ရတာပါ။ 12msq ၊ 9msq စသဖြင့် သုံးတက်ပါတယ်။ ဒီ coverage လိုအပ်ချက်အပေါ်မူတည်ပြီး တစ်ပွိုင့်နဲ့တစ်ပွိုင့် ဘယ်လောက်ခြားမလဲဆိုတာကို သတ်မှတ်ရပါတယ်။ commercial building ဖြစ်တဲ့ ရုံးတွမှာ 12 msq ၊ များသောအားဖြင့် industrial building ဖြစ်တဲ့ စက်ရုံတွေမှာ 9 msq (အာမခံကုမဏီတွေကြောင့်) အသုံးများပါတယ်။ coverage လိုအပ်ချက်ကိုတော့ မီးလောင်နိုင်မှု ဖြစ်နိုင်ချေအပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။
တကယ်လို့ မျက်နှာကျက် (ceiling) နဲ့ အပေါ်က slabက 800 mm ထက် ပိုများရင်လည်း အဲဒီ မျက်နှာကျက်နဲ့ အပေါ် slab ကြားအတွက် sprinkler နောက်ထပ်တစ်လွှာ ထပ်ထည့်ရပါတယ်။ (sprinkler point က အပေါ်ကို ထောင်ရင် upright sprinkler အောက်ဘက်ကို လှည့်ထားတဲ့ sprinkler ကိုတော့ pendent sprinkler လို့ခေါ်ပါတယ်။) နောက်တစ်မျိုးကတော့ aircon duct တွေ electrical tray တွေဟာ 400 mm ထက်ပိုကျယ်ခဲ့ရင် underduct။undertray sprinkler လို့ခေါ်ပြီး တစ်လွှာထပ်တည့်ရသလို (electrical tray တွေရဲ့အောက်မှာ တပ်တဲ့ sprinkler တွေမှာ water shield လို့ခေါ်တဲ့ CD လို အပြားလေးတွေ မဖြစ်မနေ တပ်ရပါတယ်။ ရေဖြန်းတဲ့အခါ ရေက အပေါ်ကို ပန်းမှာ စိုးလို့ပါပဲ။ beam တွေက 800mm ထက်ကြီးရင်လည်း underbeam sprinkler ဆိုပြီး နောက်တစ်လွှာ ထပ်ဖြည့်ရပါတယ် ။ အဲဒါကြောင့် တစ်ခါတစ်လေ sprinkler သုံးထပ်တောင် ဆင်ရတာတွေလည်း ရှိပါတယ်။ အဲဒါတွေအပြင် staircase နဲ့ အပြင်ဘက်ကို ခြားထားတဲ့ (staircase ထဲကို အပြင်က မီး မ၀င်နိုင်အောင် ) cut off sprinkler လည်း ရှိပါသေးတယ် ။ အလားတူ fire roller shutter တံခါးတွေအတွက်လည်း cut off sprinkler ထည့်ပေးရပါတယ်။ ဒါ့အပြင် lift တွေထဲမှာလည်း အပေါ်ဆုံး slab အောက်ဘက် မှာတစ်ထပ်နဲ့ အောက်ဆုံးက lift pit အတွက် တစ်ထပ် ထည့်ပေးရပါတယ်။
electrical DB Room/ Shaft, Transformer room, Data Room (IDF, MDF) စတဲ့ အခန်းတွေမှာတော့ sprinkler တွေ တပ်ဆင်ခွင့်မရှိပါဘူး။ မီးလောင်လို့ ရေဖြန်းရင် ပိုဆိုးကုန်မှာမို့ပါ။ သူ့အတွက်တော့ sprinkler အစား တခြား မီးသတ်စနစ်တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။No automatic alt text available.Image may contain: textNo automatic alt text available.Image may contain: text

Fire Protection & Fighting System

Building တခုမှာ Fire Protection & Fighting System က်ုအကြမ်းဖျင်း ခွဲခြားကြည့်ရင်
1. Alarm Detection System
Heat,Smoke.Flame,Bells.Speaker
2. Hose Reel System
3. Fire Fighting(Rising Main)System
Wet/Dry Riser,Extinguisher
4. Sprinkler System
5.Suppression System ( Co2,FM200)
6. Foam System
ပါရှိတာတွေ့ရတယ်

1.Alarm Detection System
Detector များကိုမျက်နှာကြက်အမြင့်ဆုံးနေရာ (highest point of the ceiling) များတွင် တပ်ဆင်ကြသည်။
(@) Complete coverage ရရှိရန် အတွက် detector အရေအတွက်နှင့် တပ်ဆင်မည့်နေရာ(location)များကို ရွေးချယ် နေရာချသည်။
(b) ပုံမှန်အားဖြင့် detector (၁)ခုသည် (၃၅)စတုရန်း မီတာမှ (၄၀)စတုရန်းမီတာ ကာကွယ်နိုင်သည်။ (35 to 40 sq.m per detector for general application.)
(c) Main control room ၊ electronic cubicle room ၊ computer room စသည့် အခန်းများအတွက် (၂၀) စတုရန်းမီတာမှ (၂၅)စတုရန်းမီတာ(20 to 25 sq.m per detector) ကာကွယ်နိုင်သည်။
(d) အတိအကျ တပ်ဆင်ချင်သည့်အခါ၊ IS/NFPA ကို ကိုးကား၍ တွက်ချက်နိုင်သည်။
2.Hose Reel System( 25mm- 30m)
As a first line fight facility to be used by trained occupied in a fire system.
Using = Open stop fully
= Run out the hose
= Open the nozzle
= Aim the base Of fire
3. Fire Fighting System
Dry(Dry Rising Mains / Dry Risers)
Wet (Wet Rising Mains / Wet Risers)
Dry Riser ဆိုတာ ကပုံမှန် ရေဖြည့်မထားတဲ့ ပိုက်တွေ မို့ ခေါ်တာပါ။ သူ့ကို Fire Engine တွေကတစ်ဆင့် ရေဖြည့်ပြီး အသုံးပြုရပါတယ်။ Wet Riser တွေကတော့ Pressurized Water နဲ့ဖြည့်ထားတာပါ။ စင်္ကာပူ၊ မလေးရှား မှာသုံးတဲ့ Landing Valves တွေရဲ့ Hose connection size က 65mm (2-½”) ဖြစ်ပါတယ်။ NFPA မှာတော့ 1-½” နဲ့ 2-½” ရှိပါတယ်။
ပုံမှန်အားဖြင့် Wet riser system တွေမှာ ပါဝင်တာတွေ ကတော့
Riser ပိုက်ထဲ ရေမောင်းထည့်ပေးဘို့ duty fire pump with standby pump တွေ
150mm diameter riser pipe နဲ့ အထပ်တိုင်း မှာ Canvas Hose ချိတ်ဆက် Connect လုပ်ဘို့ Landing Valves တွေ
မီးလောင်ရင် ပက်ဖြန်းဘို့ Canvas Hoses with nozzles တွေ
Canvas Hose တွေချိတ်တင်၊ ထားဘို့ အတွက် Hose cradle တွေ
System pressure ကို maintain လုပ်နိုင်ဘို့ အတွက် jockey pump လို့ခေါ်တဲ့ Pump အသေးစားလေးတွေ
တွေဖြစ်ကြပါတယ်။
4. Sprinkler System
မီးလောင်တာနဲ့ လူကလာသက်စရာမလိုပဲ အလိုအလျောက် ငြိမ်းသက်ပေးတာက သူ့ရဲ့ အဓိက အားသာချက်ပါပဲ။
မီးလောင်လို့ အပူချိန်တက်လာတာနဲ့ sprinkler ထိပ်မှာရှိတဲ့ ထိပ်ဖူး (bulb) လေးက အရည်ပျော်ပြီး ရေပေါက်လေးပွင့်ကာ ရေ စ ဖြန်းပေးခြင်းဖြစ်ပါတယ်။ ဒေသရဲ့ အပူချိန် အဆောက်အဦး အခန်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဲဒီ ထိပ်ဖူးလေးရဲ့ အပူခံနိုင်ချိန် ကကွာခြားပါတယ်။
။ ပိုက်ထဲမှာ ဖိအားကို 10 bar ထားထားပြီးတော့ ပိုက်ပေါက်လို့ဖြစ်စေ sprinkler point လေးတွေ ကွဲလို့ဖြစ်စေ ဖိအားကျပြီး 7.4 bar ကိုရောက်တဲ့အခါမှာ jockey pump ကစလည်မှာ ဖြစ်ပါတယ်။ sprinkler burst ဖြစ်တဲ့အခါမှာ ဖိအားက အလျှင်အမြန် ကျဆင်းတာကြောင့် ဖိအားမနိုင်ဘဲ ဆက်ကျပြီး 6.4 bar ကိုရောက်ရင် duty pump စ လည်ပါမယ်။ တကယ်လို့ duty pump လည်နေရဲ့သားနဲ့ ဖိအားက ဆက်ကျနေပြီး 5.1 bar အထိရောက်တဲ့အခါမှာ standby pump ပါ လည်မှာဖြစ်ပါတယ်။
5. Suppression System
Gaseous Fire Suppression Systems
(ဓာတ်ငွေ့သုံး မီးသတ် စနစ်များ) ဆိုတာကတော့ inert gases တွေနဲ့ chemical agents (မီးသတ်ပစ္စည်း၊ ဓာတ်ငွေ့) တွေ ကို အသုံးပြုပြီး မီးငြှိမ်းသတ် တဲ့ စနစ်တွေ ကို ခေါ်တာပါ။
Electrical Equipments တွေ ကြောင့် ဖြစ်တဲ့ (NFPA Class C / BS Class E Fire) တွေ ကိုငြှိမ်းသတ်ဘို့ အတွက် ပိုထိရောက်ပါတယ်။
ဒီလိုသုံးတဲ့ Agent (Gas) အများစု ကို အရည် (Liquid State under high pressure) နဲ့ သိုလှောင် ထားလေ့ရှိပြီး အချို့ အမျိုးအစား တွေကို တော့ High Pressure Compressed Gas အနေနဲ့ သိုလှောင်ထားလေ့ ရှိပါတယ်။ ဒီစနစ်မှာ ပုံမှန် ပါလေ့ရှိတာတွေ ကတော့
the agent
agent storage containers (cylinders)
agent release valves
fire detectors
fire detection system (wiring control panel, actuation signaling),
agent delivery piping, and
agent dispersion nozzles.
မီးကို Fire Detection System က Detect လုပ် တွေ့ရှိ တဲ့အခါ ရှိနေတဲ့ လူတွေကို အသိပေး ဘို့ warning sign / signal လုပ်ပြီး တော့ သတ်မှတ်ထားတဲ့ အချိန် Delay ရောက်တဲ့ အခါမှာ တော့ ဒီစနစ် က agent dispersion nozzle ကနေ ဒီ agent တွေကို ထုတ်လွှတ်ပေး ပါလိမ့်မယ်။
6. Foam System
Fire Suppression Foam is comprised of 3 parts,Foam Concentrate,water,air.Whem mixed correctly ,3parts foam a homogeneous foam blanket that extinguishes flames by the combined mechanisms of cooling seperating the flame source from the product surface,suppressing the vapors and Smothering
လေ+ရေ +အမြှုပ် အပိုင်း၃ပိုင်းမှန်ကန်သော အချိုးအစားဖြစ်မှသာဖုံးအုပ်ငြှိမ်းသတ်ခြင်းO2ကိုဖြတ်တောက်ခြင်းလုပ်နိုင်ပေသည်
refer chawlin,MFP Presenter.KZH

Fire Protection System

Smoke,Flame,Heat Detector Mounting Location
Smoke Detector များနေချထားခြင်း
Spot-type smoke detector များ၏ area of coverage သည် 21 feet (6.5m) ဖြစ်သည်။ Detector ကို ဗဟိုပြု၍ တိုင်းယူလျှင် အကယ်၍ အခန်း၏ အလျား(L) သိုမဟုတ် အနံ(W) သည် ပေ(၃၀) (9.1m) ထက် ပိုရှည် နေပါက သိုမဟုတ် ဒေါင့်ဖြတ် diagonal measurement သည် 42 feet (13m) ထက် ပိုရှည်နေပါက တစ်ခုထက် ပိုများသည့် detector ကို တပ်ဆင်ထားရန် လိုအပ်သည်။ အခန်းတစ်ခုအတွင်း၌ တစ်ခုထက် ပိုများသည့် smoke detector များကို တပ်ဆင်ထားသည့်အခါ national and local standards များနှင့် manufacturer’s specifications များ အတိုင်း တပ်ဆင်ရမည်။ Smoke detector နှစ်ခု အကြား အကွာအဝေးသည် NFPA 72 အရ ပေ (၃၀) 30 feet (9m) apart ထက် ပိုမဝေးစေရ သိုမဟုတ် Fire detection and fire alarm systems for buildings(BS 58391:2013) အရ 25 feet (9m) apart ထက် ပိုမဝေးစေရ။
Heat Detector နေရာချခြင်း
(Placement) အခန်း၏ အရှည် သိုမဟုတ် အနံသည်(၃၄) မီတာ သိုမဟုတ် (၁၀) မီတာထက်ပိုများလျှင် အာရုံခံ(sense) နိုင်မ ပိုကောင်း စေရန် (total protection) အတွက် တစ်ခုထက်ပိုများသည့် detector များ တပ်ဆင်ထားရန် လိုအပ်သည်။ အခန်းအတွင်း၌ တစ်ခုထက်ပိုများသည် detector များကို တပ်ဆင်ထားပါက နေရာအကွာအဝေး သတ်မှတ်ရန် national and local standards နှင့် manufacturer’s specifications တိုကို လိုက်နာရန် လိုအပ်သည်။
ဥပမာ- heat detector များကို BSI အရ တစ်ခုနှင့်တစ်ခု ၂၃ပေ(7m) ထက် ပိုဝေးအောင် မတပ်ဆင်ရ။ heat detector များကို အလယ်ဗဟိုနေရာ(center)မှ တိုင်းရမည်။
Flame Detector နေရာချခြင်း
(Placement) အရက်ပျံ(alcohol)၊ သုတ်ဆေး(paint)၊ သင်နာ(thinner)၊ ရေနံဆီ(gasoline) စသည် မီးလောင်နိုင်သည့် အရည်များ(combustible liquids)ကြောင့် စတင် လောင်ကျွမ်းသည့် မီးများတွင် မီးတောက်များ(flames) ပထမဦးစွာ စတင်(first indication) ဖြစ်ပေါ် လာလေ့ရှိသည်။ ထိုကဲ့သို မီးအမျိုးအစား လောင်ကျွမ်းနိုင်သည့် အခန်းများအတွက် flame detector ကို အသုံးပြုသင့်သည်။ Heat နှင့် smoke detectors fire alarm system အများစု အတွက် သင့်လျော်သည်။ လိုအပ်လျှင် flame detector များကို အရံအဖြစ်(supplemental detection) အသုံးပြုသင့်သည်။

Building တခုမှာ Fire Protection & Fighting System က်ုအကြမ်းဖျင်း ခွဲခြားကြည့်ရင်
1. Alarm Detection System
Heat,Smoke.Flame,Bells.Speaker
2. Hose Reel System
3. Fire Fighting(Rising Main)System
Wet/Dry Riser,Extinguisher
4. Sprinkler System
5.Suppression System ( Co2,FM200)
6. Foam System
ပါရှိတာတွေ့ရတယ်

1.Alarm Detection System

Detector များကိုမျက်နှာကြက်အမြင့်ဆုံးနေရာ (highest point of the ceiling) များတွင် တပ်ဆင်ကြသည်။
(@) Complete coverage ရရှိရန် အတွက် detector အရေအတွက်နှင့် တပ်ဆင်မည့်နေရာ(location)များကို ရွေးချယ် နေရာချသည်။
(b) ပုံမှန်အားဖြင့် detector (၁)ခုသည် (၃၅)စတုရန်း မီတာမှ (၄၀)စတုရန်းမီတာ ကာကွယ်နိုင်သည်။ (35 to 40 sq.m per detector for general application.)
(c) Main control room ၊ electronic cubicle room ၊ computer room စသည့် အခန်းများအတွက် (၂၀) စတုရန်းမီတာမှ (၂၅)စတုရန်းမီတာ(20 to 25 sq.m per detector) ကာကွယ်နိုင်သည်။
(d) အတိအကျ တပ်ဆင်ချင်သည့်အခါ၊ IS/NFPA ကို ကိုးကား၍ တွက်ချက်နိုင်သည်။
2.Hose Reel System( 25mm- 30m)
As a first line fight facility to be used by trained occupied in a fire system.
Using = Open stop fully
= Run out the hose
= Open the nozzle
= Aim the base Of fire
3. Fire Fighting System
Dry(Dry Rising Mains / Dry Risers)
Wet (Wet Rising Mains / Wet Risers)
Dry Riser ဆိုတာ ကပုံမှန် ရေဖြည့်မထားတဲ့ ပိုက်တွေ မို့ ခေါ်တာပါ။ သူ့ကို Fire Engine တွေကတစ်ဆင့် ရေဖြည့်ပြီး အသုံးပြုရပါတယ်။ Wet Riser တွေကတော့ Pressurized Water နဲ့ဖြည့်ထားတာပါ။ စင်္ကာပူ၊ မလေးရှား မှာသုံးတဲ့ Landing Valves တွေရဲ့ Hose connection size က 65mm (2-½”) ဖြစ်ပါတယ်။ NFPA မှာတော့ 1-½” နဲ့ 2-½” ရှိပါတယ်။
ပုံမှန်အားဖြင့် Wet riser system တွေမှာ ပါဝင်တာတွေ ကတော့
Riser ပိုက်ထဲ ရေမောင်းထည့်ပေးဘို့ duty fire pump with standby pump တွေ
150mm diameter riser pipe နဲ့ အထပ်တိုင်း မှာ Canvas Hose ချိတ်ဆက် Connect လုပ်ဘို့ Landing Valves တွေ
မီးလောင်ရင် ပက်ဖြန်းဘို့ Canvas Hoses with nozzles တွေ
Canvas Hose တွေချိတ်တင်၊ ထားဘို့ အတွက် Hose cradle တွေ
System pressure ကို maintain လုပ်နိုင်ဘို့ အတွက် jockey pump လို့ခေါ်တဲ့ Pump အသေးစားလေးတွေ
တွေဖြစ်ကြပါတယ်။
4. Sprinkler System
မီးလောင်တာနဲ့ လူကလာသက်စရာမလိုပဲ အလိုအလျောက် ငြိမ်းသက်ပေးတာက သူ့ရဲ့ အဓိက အားသာချက်ပါပဲ။
မီးလောင်လို့ အပူချိန်တက်လာတာနဲ့ sprinkler ထိပ်မှာရှိတဲ့ ထိပ်ဖူး (bulb) လေးက အရည်ပျော်ပြီး ရေပေါက်လေးပွင့်ကာ ရေ စ ဖြန်းပေးခြင်းဖြစ်ပါတယ်။ ဒေသရဲ့ အပူချိန် အဆောက်အဦး အခန်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဲဒီ ထိပ်ဖူးလေးရဲ့ အပူခံနိုင်ချိန် ကကွာခြားပါတယ်။
။ ပိုက်ထဲမှာ ဖိအားကို 10 bar ထားထားပြီးတော့ ပိုက်ပေါက်လို့ဖြစ်စေ sprinkler point လေးတွေ ကွဲလို့ဖြစ်စေ ဖိအားကျပြီး 7.4 bar ကိုရောက်တဲ့အခါမှာ jockey pump ကစလည်မှာ ဖြစ်ပါတယ်။ sprinkler burst ဖြစ်တဲ့အခါမှာ ဖိအားက အလျှင်အမြန် ကျဆင်းတာကြောင့် ဖိအားမနိုင်ဘဲ ဆက်ကျပြီး 6.4 bar ကိုရောက်ရင် duty pump စ လည်ပါမယ်။ တကယ်လို့ duty pump လည်နေရဲ့သားနဲ့ ဖိအားက ဆက်ကျနေပြီး 5.1 bar အထိရောက်တဲ့အခါမှာ standby pump ပါ လည်မှာဖြစ်ပါတယ်။
5. Suppression System
Gaseous Fire Suppression Systems
(ဓာတ်ငွေ့သုံး မီးသတ် စနစ်များ) ဆိုတာကတော့ inert gases တွေနဲ့ chemical agents (မီးသတ်ပစ္စည်း၊ ဓာတ်ငွေ့) တွေ ကို အသုံးပြုပြီး မီးငြှိမ်းသတ် တဲ့ စနစ်တွေ ကို ခေါ်တာပါ။
Electrical Equipments တွေ ကြောင့် ဖြစ်တဲ့ (NFPA Class C / BS Class E Fire) တွေ ကိုငြှိမ်းသတ်ဘို့ အတွက် ပိုထိရောက်ပါတယ်။
ဒီလိုသုံးတဲ့ Agent (Gas) အများစု ကို အရည် (Liquid State under high pressure) နဲ့ သိုလှောင် ထားလေ့ရှိပြီး အချို့ အမျိုးအစား တွေကို တော့ High Pressure Compressed Gas အနေနဲ့ သိုလှောင်ထားလေ့ ရှိပါတယ်။ ဒီစနစ်မှာ ပုံမှန် ပါလေ့ရှိတာတွေ ကတော့
the agent
agent storage containers (cylinders)
agent release valves
fire detectors
fire detection system (wiring control panel, actuation signaling),
agent delivery piping, and
agent dispersion nozzles.
မီးကို Fire Detection System က Detect လုပ် တွေ့ရှိ တဲ့အခါ ရှိနေတဲ့ လူတွေကို အသိပေး ဘို့ warning sign / signal လုပ်ပြီး တော့ သတ်မှတ်ထားတဲ့ အချိန် Delay ရောက်တဲ့ အခါမှာ တော့ ဒီစနစ် က agent dispersion nozzle ကနေ ဒီ agent တွေကို ထုတ်လွှတ်ပေး ပါလိမ့်မယ်။
6. Foam System
Fire Suppression Foam is comprised of 3 parts,Foam Concentrate,water,air.Whem mixed correctly ,3parts foam a homogeneous foam blanket that extinguishes flames by the combined mechanisms of cooling seperating the flame source from the product surface,suppressing the vapors and Smothering
လေ+ရေ +အမြှုပ် အပိုင်း၃ပိုင်းမှန်ကန်သော အချိုးအစားဖြစ်မှသာဖုံးအုပ်ငြှိမ်းသတ်ခြင်းO2ကိုဖြတ်တောက်ခြင်းလုပ်နိုင်ပေသည်

Fire Protection System

Power System For Fire System
Fire alarm system များတွင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အား နှင့် သက်ဆိုင်သည့် အချက်များအတွက် national and local codes and manufacturer’s guidelines ကို လိုက်နာရမည်။ Fire alarm system များတွင် ပုံမှန် လျှပ်စစ်ဓာတ်အား(primary or mains power supply) နှင့် အရံဓာတ်အား (secondary or backup (standby) power supply) ဟူ၍ ဓာတ်အား(power supply)နှစ်မျိုး အသုံးပြုထားသည်။ Primary (Mains) Power Primary (mains) power များကို ယုံကြည်စိတ်ချရသည့် နေရာမှ (reliable source) မှ ရယူရမည်။ သီးခြား ပတ်လမ်း(dedicated branch circuit) အဖြစ် တပ်ဆင်ရမည်။ fire alarm system အတွက် primary power supply နှင့်သက်ဆိုင်သည့် ခလုတ်များကို သီးသန် ခွဲခြားထားရမည်။ fire alarm equipment အတွက် ခလုပ်များကို တစ်စုံတစ်ယောက်က မှားယွင်းစွာ ပိတ်မိခြင်း မဖြစ်စေရန် အတွက် အမှတ်အသားများ ပြုလုပ်ထားရမည်။ “FIRE ALARM: DO NOT SWITCH OFF” သိုမဟုတ် “FIRE ALARM CIRCUIT CONTROL” စသည့် စာသားများကို ရေးသားချိတ်ဆွဲထားခြင်း၊ ကပ်ထားခြင်းတို ပြုလုပ်ရမည်။
Secondary or Backup (Standby)
Power Secondary or backup (standby) power must be able to operate all functions of the system in the event ပုံမှန်လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသည့်(primary power is lost) အခါ fire controller ၊ audible notification appliances ၊ detectors ၊ signal transmissions devices စသည့် ကိရိယာများ အားလုံး အတွက် လုံလောက်သည့် ဓာတ်အား(power) ဖြစ်ရမည်။
မီးအားပေးစက်(power generators)သိုမဟုတ် ဘက်ထရီများ (batteries)ကို secondary power သိုမဟုတ် backup power အဖြစ် အသုံးပြုခွင့် ရှိသည်။ Secondary power သိုမဟုတ် backup power ပြတ်တောက်သွားခဲ့လျှင် secondary power device must be able to operate the fire alarm systems for the duration of the time specified in the national and local codes and guidelines များမှ သတ်မှတ်ထားသည့် အချိန်အတွင်း ဆက်လက် အလုပ်လုပ်နေအောင် ပြုလုပ် ထားရမည်။

Manually Operated Systems
Pull Stations သိုမဟုတ် Call Points
Manually operated system ဆိုသည်မှာ အဆောက်အဦ အတွင်းရှိနေသူများက မီးလောင်သည့်အခါ အချက်ပေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် မီးသံချောင်း ခေါက်ပေးသည့်သဘော ဖြစ်သည်။ Pull station သိုမဟုတ် call point သည် မီးသံချောင်းနှင့် တူသည်။ မီးသံချောင်းကို အဆက်မပြတ် ခေါက်နေရန် လိုအပ်သော်လည်း pull stations သိုမဟုတ် call point ကို တစ်ချက်ဆွဲချရသာ ဖြင့် alarm သည် အဆက်မပြတ် မြည်နေလိမ့်မည်။
Acknowledge သိုမဟုတ် reset မလုပ်မခြင်း အဆက်မပြတ် မြည်နေလိမ့်မည်။ Pull station များ တပ်ဆင်ရန်လိုအပ်သည့်အခါ အောက်ပါ ညွှန်ကြားချက်(guidelines)များကို စဉ်းစားသင့်သည့်။
(က) National and local fire regulations အရ pull station (call point) မှ ခလုပ်ကို ဆွဲချသည့်အချိန် နှင့် အသံထွက်လာချိန်(sounding of the alarm)တို အကြား အချိန်အနည်းငယ် ခြားထား(delay)ရမည်။
(ခ) Glass/Perspex ပြန်ထည့်ထားခြင်းဖြင့် pull stations (call points) ကို reset လုပ်နိုင်သည်။ သော့(key) သိုမဟုတ် ကိရိယာ(special tool) ဖြင့်လည်း reset လုပ်နိုင်သည်။ သိုသော် လူတိုင်း reset လုပ်ခွင့် မရှိစေရ။ (ဂ) Pull stations (call points) များအားလုံးကို သိသာမြင်လွယ်သည့် နေရာတွင်(clearly identifiable) တပ်ဆင် ထားရမည်။ Pull station ကို အသုံးပြုရန်အတွက် ရှုပ်ထွေးသည့်ညွှန်ကြားချက်(instruction)များ မရှိစေရ။ တစ်နည်းအားဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ရမည်။
#တပ်ဆင်ရမည့် နေရာ(mounting locations)
(က) Pull station များ သိုမဟုတ် call point များကို ထွက်ပေါက်(exit)များ သိုမဟုတ် ထွက်ပေါက်သို သွားရာလမ်း တလျှောက်၌ တပ်ဆင်ထားရမည်။
(ခ) Pull station များ သိုမဟုတ် call point များကို အထပ်တိုင်း၌ တူညီသည့်နေရာ(identical positions on the various floors)တွင် တပ်ဆင်ထား ရမည်။ Pull station များ သိုမဟုတ် call point များ အားလုံးကို ကြမ်းပြင်မှ တူညီသည့် အမြင့်(same high)တွင် တပ်ဆင်ထားရမည်။
(ဂ) Break glass/impact အမျိုးအစား pull station များ သိုမဟုတ် call point များကို အစားအသောက်များ ပြင်ဆင်ရာနေရာများ (food preparation areas)တွင် တပ်ဆင် မထားရ။ Break glass မှ ထွက်လာသည့် မှန်ကွဲ၊ မှန်စများသည် အစားအသောက်ထဲသို ကျရောက်သွားနိုင်သည်။
(ဃ) Pull stations (call points) များကို national and local fire regulations တွင် ဖော်ပြထားသည့် နေရာ အကွာအဝေးထက် ပိုဝေးသည့် နေရာများတွင် မတပ်ဆင်ထားရ။

Fire Protection

No automatic alt text available.No automatic alt text available.Image may contain: text

Fire Protection System


No automatic alt text available.
Buliding တခုမှာ Fire safety ရှိစေဖို့ တွက်ချက်ရာတွင်
Passive Fire Protection
(မီး ဒါဏ်ခံ နိုင်ဘို့)
Active Fire Protection
(မီးငြိမ်းသတ် နိုင်ဘို့)
တွေ ပါဝင်ပါတယ်

Passive Fire Protection

ကြိုတင် ကာကွယ် တဲ့ Passive Fire Protection ဆိုတာ ကတော့ Planning ကိစ္စ မို့ Building Design Planning Stage မှာ ကတည်းက Fire Hazard, Fire Risk စတဲ့ မီး အန္တရာယ် တွေ ကို လျော့ကျ စေနိုင်ဘို့ ကြိုတင် စဉ်းစား ရမှာ ဖြစ်ပါတယ်။ မီးဒါဏ်ခံ နိုင်တဲ့၊ မီးမလောင် နိုင်တဲ့ ပစ္စည်းတွေ ရွေးချယ်ဘို့၊ မီးလောင်မှု ဖြစ်တဲ့ အခါ မီး၊ မီးခိုး နဲ့ Toxic Fumes (အဆိပ်ငွေ့) တွေ အခြားနေရာ တွေ ကို မပြန့်ရ အောင် ထိန်းချုပ် နိုင်ဘို့ အတွက် အဆောက်အအုံ ကို Fire-tight cells or compartments (မီးဒါဏ်ခံ နိုင်တဲ့ အခန်း တွေ) အဖြစ် Vertically ရော Horizontally ပါ ဖွဲ့ ထားပေးဘို့၊ စ တာတွေ ကို အခြေခံ အနေနဲ့ ထည့်သွင်း ပေးရပါတယ်။
ထိရောက်တဲ့ Passive Fire Protection ဆိုတာက Good Planning, Good Design and Sound Construction ကို ပြသပါတယ်။ ဒါက အဆောက်အအုံ ရဲ့ အခြားအခြေခံ လိုအပ်ချက်တွေ ကို အားဖြည့်ပေး ပါတယ်။

Active Fire Protection

ဆိုတာကတော့ လူတွေ ကိုယ်တိုင် ပါဝင် ငြိမ်းသတ်ရတဲ့ Manual Fire Protection Systems တွေ နဲ့ အလိုအလျှောက် ငြိမ်းသတ်ပေး နိုင်တဲ့ Automatic Fire Protection Systems တွေ ပါဝင် ပါတယ်။ မီးလောင်မှု ဖြစ်တာ ကို သတိပေးနိုင်ဘို့၊ မီးကို ထိန်းချုပ်နိုင်ဘို့ နဲ့ ငြိမ်းသတ် နိုင်မဲ့ စနစ်တွေ ဖြစ်တဲ့
Automatic Sprinklers (အလိုအလျှောက် ရေဖြန်း မီးသတ်စနစ်)၊
Stand pipe (Wet/Dry Risers) (အထပ်အလိုက် မီးသတ်သမားသုံးရန် မီးသတ် ရေဘုံဘိုင် ခေါင်း)
Fire Hydrants ( ခြံဝင်းအတွင်း နှင့် လမ်းဘေး တစ်လျှောက် တွေ့ရလေ့ ရှိသော အဆောက်အအုံ ပြင်ပသုံး မီးသတ် ရေဘုံဘိုင် ခေါင်းများ၊)
Fire Hosereels (အဆောက်အအုံ တွင်းသုံး မီးသတ် ရေပိုက်)
Fire and Smoke Detection (မီး၊ အပူ နဲ့ မီးခိုး တို့ကို အာရုံခံ အချက်ပေးစနစ်),
Gas Fire Suppression Systems ( မီးသတ် ဓာတ်ငွေ့သုံးစနစ် များ၊ Pyrogen, CO2, Inergen, Halon XXX, FM-200, NN100, etc. စသည်၊)
Portable Fire Extinguishers (အသင့်သုံး မီးသတ်ဘူးများ၊)
Smoke Spill / Smoke Control Systems (မီးခိုး ကိုပြယ်အောင် စုတ်ထုတ်တဲ့ စနစ် ၊ မီးခိုး ကိုထိန်းချုပ်တဲ့ စနစ်)၊
စသည်ဖြင့် ပါဝင်ပါတယ်။
ဒါတွေ အပြင် Fire Alarm (မီးလှန့် အချက်ပေး စနစ်) တွေ နဲ့ Communication Systems ဆက်သွယ်ရေး စနစ်တွေ ကတော့
မီးသတ်တပ်ဖွဲ့ အချင်းချင်း ဆက်သွယ် နိုင်ဘို့ အတွက် Fire Brigade communication Systems
အရေးပေါ် အခြေအနေ မှာ လူတွေ စနစ်တကျ Evacuate လုပ်နိုင်စေဘို့ ညွှန်ကြားပေးနိုင်ဘို့ အတွက်၊ Public Address Systems
တွေ ပါဝင်ရ ပါလိမ့်မယ်။
အရေးပေါ် အခြေအနေ မှာ သုံးလို့ ရမဲ့ Standby Power (Usually by Diesel Generator) ကို စဉ်းစားတဲ့ အခါ အောက်မှာ ဖော်ပြထားတဲ့ စက်ပစ္စည်း တွေ နဲ့ အရေးပေါ် လိုအပ်ချက် တွေ အပေါ် မှီပြီး တွက်ချက် ရပါမယ်။
Electric Fire Pumps
Emergency Command Center / Fire Command Center Equipment & Lighting
Fire Lifts (serving all floors)
Mechanical Equipment for Smoke Proof Enclosure
Power for Detection, Alarm, and Communication Systems
Emergency Lightings

Fire Fighting Protection System



Featured Post

Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download

                                               Huawei  Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။...