Monday, February 19, 2018

Fire Protection & Fighting System

Building တခုမှာ Fire Protection & Fighting System က်ုအကြမ်းဖျင်း ခွဲခြားကြည့်ရင်
1. Alarm Detection System
Heat,Smoke.Flame,Bells.Speaker
2. Hose Reel System
3. Fire Fighting(Rising Main)System
Wet/Dry Riser,Extinguisher
4. Sprinkler System
5.Suppression System ( Co2,FM200)
6. Foam System
ပါရှိတာတွေ့ရတယ်

1.Alarm Detection System
Detector များကိုမျက်နှာကြက်အမြင့်ဆုံးနေရာ (highest point of the ceiling) များတွင် တပ်ဆင်ကြသည်။
(@) Complete coverage ရရှိရန် အတွက် detector အရေအတွက်နှင့် တပ်ဆင်မည့်နေရာ(location)များကို ရွေးချယ် နေရာချသည်။
(b) ပုံမှန်အားဖြင့် detector (၁)ခုသည် (၃၅)စတုရန်း မီတာမှ (၄၀)စတုရန်းမီတာ ကာကွယ်နိုင်သည်။ (35 to 40 sq.m per detector for general application.)
(c) Main control room ၊ electronic cubicle room ၊ computer room စသည့် အခန်းများအတွက် (၂၀) စတုရန်းမီတာမှ (၂၅)စတုရန်းမီတာ(20 to 25 sq.m per detector) ကာကွယ်နိုင်သည်။
(d) အတိအကျ တပ်ဆင်ချင်သည့်အခါ၊ IS/NFPA ကို ကိုးကား၍ တွက်ချက်နိုင်သည်။
2.Hose Reel System( 25mm- 30m)
As a first line fight facility to be used by trained occupied in a fire system.
Using = Open stop fully
= Run out the hose
= Open the nozzle
= Aim the base Of fire
3. Fire Fighting System
Dry(Dry Rising Mains / Dry Risers)
Wet (Wet Rising Mains / Wet Risers)
Dry Riser ဆိုတာ ကပုံမှန် ရေဖြည့်မထားတဲ့ ပိုက်တွေ မို့ ခေါ်တာပါ။ သူ့ကို Fire Engine တွေကတစ်ဆင့် ရေဖြည့်ပြီး အသုံးပြုရပါတယ်။ Wet Riser တွေကတော့ Pressurized Water နဲ့ဖြည့်ထားတာပါ။ စင်္ကာပူ၊ မလေးရှား မှာသုံးတဲ့ Landing Valves တွေရဲ့ Hose connection size က 65mm (2-½”) ဖြစ်ပါတယ်။ NFPA မှာတော့ 1-½” နဲ့ 2-½” ရှိပါတယ်။
ပုံမှန်အားဖြင့် Wet riser system တွေမှာ ပါဝင်တာတွေ ကတော့
Riser ပိုက်ထဲ ရေမောင်းထည့်ပေးဘို့ duty fire pump with standby pump တွေ
150mm diameter riser pipe နဲ့ အထပ်တိုင်း မှာ Canvas Hose ချိတ်ဆက် Connect လုပ်ဘို့ Landing Valves တွေ
မီးလောင်ရင် ပက်ဖြန်းဘို့ Canvas Hoses with nozzles တွေ
Canvas Hose တွေချိတ်တင်၊ ထားဘို့ အတွက် Hose cradle တွေ
System pressure ကို maintain လုပ်နိုင်ဘို့ အတွက် jockey pump လို့ခေါ်တဲ့ Pump အသေးစားလေးတွေ
တွေဖြစ်ကြပါတယ်။
4. Sprinkler System
မီးလောင်တာနဲ့ လူကလာသက်စရာမလိုပဲ အလိုအလျောက် ငြိမ်းသက်ပေးတာက သူ့ရဲ့ အဓိက အားသာချက်ပါပဲ။
မီးလောင်လို့ အပူချိန်တက်လာတာနဲ့ sprinkler ထိပ်မှာရှိတဲ့ ထိပ်ဖူး (bulb) လေးက အရည်ပျော်ပြီး ရေပေါက်လေးပွင့်ကာ ရေ စ ဖြန်းပေးခြင်းဖြစ်ပါတယ်။ ဒေသရဲ့ အပူချိန် အဆောက်အဦး အခန်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဲဒီ ထိပ်ဖူးလေးရဲ့ အပူခံနိုင်ချိန် ကကွာခြားပါတယ်။
။ ပိုက်ထဲမှာ ဖိအားကို 10 bar ထားထားပြီးတော့ ပိုက်ပေါက်လို့ဖြစ်စေ sprinkler point လေးတွေ ကွဲလို့ဖြစ်စေ ဖိအားကျပြီး 7.4 bar ကိုရောက်တဲ့အခါမှာ jockey pump ကစလည်မှာ ဖြစ်ပါတယ်။ sprinkler burst ဖြစ်တဲ့အခါမှာ ဖိအားက အလျှင်အမြန် ကျဆင်းတာကြောင့် ဖိအားမနိုင်ဘဲ ဆက်ကျပြီး 6.4 bar ကိုရောက်ရင် duty pump စ လည်ပါမယ်။ တကယ်လို့ duty pump လည်နေရဲ့သားနဲ့ ဖိအားက ဆက်ကျနေပြီး 5.1 bar အထိရောက်တဲ့အခါမှာ standby pump ပါ လည်မှာဖြစ်ပါတယ်။
5. Suppression System
Gaseous Fire Suppression Systems
(ဓာတ်ငွေ့သုံး မီးသတ် စနစ်များ) ဆိုတာကတော့ inert gases တွေနဲ့ chemical agents (မီးသတ်ပစ္စည်း၊ ဓာတ်ငွေ့) တွေ ကို အသုံးပြုပြီး မီးငြှိမ်းသတ် တဲ့ စနစ်တွေ ကို ခေါ်တာပါ။
Electrical Equipments တွေ ကြောင့် ဖြစ်တဲ့ (NFPA Class C / BS Class E Fire) တွေ ကိုငြှိမ်းသတ်ဘို့ အတွက် ပိုထိရောက်ပါတယ်။
ဒီလိုသုံးတဲ့ Agent (Gas) အများစု ကို အရည် (Liquid State under high pressure) နဲ့ သိုလှောင် ထားလေ့ရှိပြီး အချို့ အမျိုးအစား တွေကို တော့ High Pressure Compressed Gas အနေနဲ့ သိုလှောင်ထားလေ့ ရှိပါတယ်။ ဒီစနစ်မှာ ပုံမှန် ပါလေ့ရှိတာတွေ ကတော့
the agent
agent storage containers (cylinders)
agent release valves
fire detectors
fire detection system (wiring control panel, actuation signaling),
agent delivery piping, and
agent dispersion nozzles.
မီးကို Fire Detection System က Detect လုပ် တွေ့ရှိ တဲ့အခါ ရှိနေတဲ့ လူတွေကို အသိပေး ဘို့ warning sign / signal လုပ်ပြီး တော့ သတ်မှတ်ထားတဲ့ အချိန် Delay ရောက်တဲ့ အခါမှာ တော့ ဒီစနစ် က agent dispersion nozzle ကနေ ဒီ agent တွေကို ထုတ်လွှတ်ပေး ပါလိမ့်မယ်။
6. Foam System
Fire Suppression Foam is comprised of 3 parts,Foam Concentrate,water,air.Whem mixed correctly ,3parts foam a homogeneous foam blanket that extinguishes flames by the combined mechanisms of cooling seperating the flame source from the product surface,suppressing the vapors and Smothering
လေ+ရေ +အမြှုပ် အပိုင်း၃ပိုင်းမှန်ကန်သော အချိုးအစားဖြစ်မှသာဖုံးအုပ်ငြှိမ်းသတ်ခြင်းO2ကိုဖြတ်တောက်ခြင်းလုပ်နိုင်ပေသည်
refer chawlin,MFP Presenter.KZH

No comments:

Post a Comment

follow by email

Featured Post

Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download

                                               Huawei  Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။...