Monday, February 19, 2018

Fire Protection System

မီးလောင်တာနဲ့တပြိုင်နက် အလိုအလျောက် မီးငြိမ်းသက်ဖို့  (to kill fire) နဲ့ အနည်းဆုံး ထိန်းချုပ်ထားနိုင်ဖို့ (to control fire) အတွက် sprinkler system ကို အသုံးပြုပါတယ်။ မီးလောင်တာနဲ့ လူကလာသက်စရာမလိုပဲ အလိုအလျောက် ငြိမ်းသက်ပေးတာက သူ့ရဲ့ အဓိက အားသာချက်ပါပဲ။
မီးလောင်လို့ အပူချိန်တက်လာတာနဲ့ sprinkler ထိပ်မှာရှိတဲ့ ထိပ်ဖူး (bulb) လေးက အရည်ပျော်ပြီး ရေပေါက်လေးပွင့်ကာ ရေ စ ဖြန်းပေးခြင်းဖြစ်ပါတယ်။ ဒေသရဲ့ အပူချိန် အဆောက်အဦး အခန်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဲဒီ ထိပ်ဖူးလေးရဲ့ အပူခံနိုင်ချိန် ကကွာခြားပါတယ်။ sprinkler တစ်ခုရဲ့ အပူချိန် ခံနိုင်အားကို အဲဒီထိပ်ဖူးလေးရဲ့ အရောင်ပေါ်မူတည်ပြီးတော့လည်း ခွဲခြားနိုင်ပါတယ်။ ဥပမာ အနီရောင်ဆိုရင် 63’C အ၀ါရောင်ဆိုရင် 79’c အပြာရောင်ဆိုရင် 141’C အဲဒီလို ခွဲနိုင်ပါတယ်။ အဲဒီအပူချိန်တွေရောက်ရင်တော့ ထိပ်ဖူးလေးကွဲပြီး ရေဖြန်းမှာဖြစ်ပါတယ်။
သာမန်အခန်းတွေအတွက် ၆၈ ဒီဂရီစင်တီဂရိတ်နဲ့ အရေးကြီးတဲ့ ပစည်းတွေ သိုလှောင်တဲ့နေရာတွေ အတွက်တော့ ESFR (Early Suppression First Response) လို့ သတ်မှတ်ပြီး ၇၄ ဒီဂရီ စသဖြင့် ရှိပါတယ်။ ESFR ဧရိယာအတွက် အပူချိန်ခံနိုင်ရည်အားများလို့ အလွယ်တကူ ရေဖြန်းခြင်းမရှိတာက အပေါ်မှာ ပြောခဲ့သလိုပဲ သိုလှောင်ထားတဲ့ အရေးကြီးပစည်းတွေ မလိုအပ်ဘဲ ရေစို ပျက်စီးမှာကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေဖြန်းအားတော့ ပိုကြီးပြီး ပိုများပါတယ်။ အဲဒီလိုပဲ မီးဖိုချောင်က မီးခိုးခေါင်းတိုင်လိုနေရာမျိုးမှာ တပ်ဆင်ရတဲ့ sprinkler တွေဆိုရင်လည်း ခံနိုင်ရည်အားကိုများများထားရပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်ရောက်မှသာ ရေဖြန်းစေဖို့ပါပဲ။
တချို့ မျက်နှာစာ လှလှပပဖြစ်နေရမယ့် အခန်းတွေမှာတော့ ဒီ sprinkler တွေကြောင့် ရုပ်ဆိုးမသွားအောင် sprinkler တွေကို cover plate လေးတွေနဲ့ ဖုံးထားတက်ပါတယ်။ အဲဒီအခါမှာ sprinkler ဘယ်လိုအလုပ်လုပ်လဲဆိုတော့ အဲဒီ cover plate လေးက sprinkler ထိပ်ဖူးထက် အပူခံနိုင်အား ၂၀ ဒီဂရီလောက် ပိုနည်းပါတယ်။ ဥပမာ sprinkler ထိပ်ဖူးက ၆၈ ဒီဂရီစင်တီဂရိတ်မှာမှ အရည်ပျော်မှာဆိုရင် အဲဒီ cover plate ၄၈ ဒီဂရီစင်တီဂရိတ်မှာ အရည်ပျော်ပါတယ်။ အဲဒီအတွက် sprinkler system ကို မထိခိုက်တော့ပါဘူး။ royal flush sprinkler head လို့ ခေါ်ပါတယ်။
sprinkler point တစ်ပွိုင့် ရဲ့ ရေဖြန်းနိုင်တဲ့ဧရိယာ (coverage area) သက်မှတ်ပုံကတော့ အမျိုးမျိုးကွဲပြားပါတယ်။ အဆောက်အဦးအမျိုးအစားအပြင် ကိုယ့်အဆောက်အဦးအတွက် အာမခံထားမယ့် အာမခံကုမဏီတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့လည်း သတိထားရပါတယ်။ အာမခံကုမဏီက အသိအမှတ်ပြုတဲ့ ပစည်းတွေပဲ သုံးရပါတယ်။ အဲဒီအာမခံကုမဏီတွေကလည်း အစိုးရစစ်ဆေးရေးတွေလိုပဲ တင်းကျပ်ပါတယ်။ သူတို့ ပြောထားတဲ့ သူတို့စံနဲ့ ကိုက်ညီမှ သူတို့ဆီမှာ အာမခံထားလို့ ရတာပါ။ 12msq ၊ 9msq စသဖြင့် သုံးတက်ပါတယ်။ ဒီ coverage လိုအပ်ချက်အပေါ်မူတည်ပြီး တစ်ပွိုင့်နဲ့တစ်ပွိုင့် ဘယ်လောက်ခြားမလဲဆိုတာကို သတ်မှတ်ရပါတယ်။ commercial building ဖြစ်တဲ့ ရုံးတွမှာ 12 msq ၊ များသောအားဖြင့် industrial building ဖြစ်တဲ့ စက်ရုံတွေမှာ 9 msq (အာမခံကုမဏီတွေကြောင့်) အသုံးများပါတယ်။ coverage လိုအပ်ချက်ကိုတော့ မီးလောင်နိုင်မှု ဖြစ်နိုင်ချေအပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။
တကယ်လို့ မျက်နှာကျက် (ceiling) နဲ့ အပေါ်က slabက 800 mm ထက် ပိုများရင်လည်း အဲဒီ မျက်နှာကျက်နဲ့ အပေါ် slab ကြားအတွက် sprinkler နောက်ထပ်တစ်လွှာ ထပ်ထည့်ရပါတယ်။ (sprinkler point က အပေါ်ကို ထောင်ရင် upright sprinkler အောက်ဘက်ကို လှည့်ထားတဲ့ sprinkler ကိုတော့ pendent sprinkler လို့ခေါ်ပါတယ်။) နောက်တစ်မျိုးကတော့ aircon duct တွေ electrical tray တွေဟာ 400 mm ထက်ပိုကျယ်ခဲ့ရင် underduct။undertray sprinkler လို့ခေါ်ပြီး တစ်လွှာထပ်တည့်ရသလို (electrical tray တွေရဲ့အောက်မှာ တပ်တဲ့ sprinkler တွေမှာ water shield လို့ခေါ်တဲ့ CD လို အပြားလေးတွေ မဖြစ်မနေ တပ်ရပါတယ်။ ရေဖြန်းတဲ့အခါ ရေက အပေါ်ကို ပန်းမှာ စိုးလို့ပါပဲ။ beam တွေက 800mm ထက်ကြီးရင်လည်း underbeam sprinkler ဆိုပြီး နောက်တစ်လွှာ ထပ်ဖြည့်ရပါတယ် ။ အဲဒါကြောင့် တစ်ခါတစ်လေ sprinkler သုံးထပ်တောင် ဆင်ရတာတွေလည်း ရှိပါတယ်။ အဲဒါတွေအပြင် staircase နဲ့ အပြင်ဘက်ကို ခြားထားတဲ့ (staircase ထဲကို အပြင်က မီး မ၀င်နိုင်အောင် ) cut off sprinkler လည်း ရှိပါသေးတယ် ။ အလားတူ fire roller shutter တံခါးတွေအတွက်လည်း cut off sprinkler ထည့်ပေးရပါတယ်။ ဒါ့အပြင် lift တွေထဲမှာလည်း အပေါ်ဆုံး slab အောက်ဘက် မှာတစ်ထပ်နဲ့ အောက်ဆုံးက lift pit အတွက် တစ်ထပ် ထည့်ပေးရပါတယ်။
electrical DB Room/ Shaft, Transformer room, Data Room (IDF, MDF) စတဲ့ အခန်းတွေမှာတော့ sprinkler တွေ တပ်ဆင်ခွင့်မရှိပါဘူး။ မီးလောင်လို့ ရေဖြန်းရင် ပိုဆိုးကုန်မှာမို့ပါ။ သူ့အတွက်တော့ sprinkler အစား တခြား မီးသတ်စနစ်တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။No automatic alt text available.Image may contain: textNo automatic alt text available.Image may contain: text

No comments:

Post a Comment

follow by email

Featured Post

Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download

                                               Huawei  Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။...