Monday, February 19, 2018

Fire Protection System


No automatic alt text available.
Buliding တခုမှာ Fire safety ရှိစေဖို့ တွက်ချက်ရာတွင်
Passive Fire Protection
(မီး ဒါဏ်ခံ နိုင်ဘို့)
Active Fire Protection
(မီးငြိမ်းသတ် နိုင်ဘို့)
တွေ ပါဝင်ပါတယ်

Passive Fire Protection

ကြိုတင် ကာကွယ် တဲ့ Passive Fire Protection ဆိုတာ ကတော့ Planning ကိစ္စ မို့ Building Design Planning Stage မှာ ကတည်းက Fire Hazard, Fire Risk စတဲ့ မီး အန္တရာယ် တွေ ကို လျော့ကျ စေနိုင်ဘို့ ကြိုတင် စဉ်းစား ရမှာ ဖြစ်ပါတယ်။ မီးဒါဏ်ခံ နိုင်တဲ့၊ မီးမလောင် နိုင်တဲ့ ပစ္စည်းတွေ ရွေးချယ်ဘို့၊ မီးလောင်မှု ဖြစ်တဲ့ အခါ မီး၊ မီးခိုး နဲ့ Toxic Fumes (အဆိပ်ငွေ့) တွေ အခြားနေရာ တွေ ကို မပြန့်ရ အောင် ထိန်းချုပ် နိုင်ဘို့ အတွက် အဆောက်အအုံ ကို Fire-tight cells or compartments (မီးဒါဏ်ခံ နိုင်တဲ့ အခန်း တွေ) အဖြစ် Vertically ရော Horizontally ပါ ဖွဲ့ ထားပေးဘို့၊ စ တာတွေ ကို အခြေခံ အနေနဲ့ ထည့်သွင်း ပေးရပါတယ်။
ထိရောက်တဲ့ Passive Fire Protection ဆိုတာက Good Planning, Good Design and Sound Construction ကို ပြသပါတယ်။ ဒါက အဆောက်အအုံ ရဲ့ အခြားအခြေခံ လိုအပ်ချက်တွေ ကို အားဖြည့်ပေး ပါတယ်။

Active Fire Protection

ဆိုတာကတော့ လူတွေ ကိုယ်တိုင် ပါဝင် ငြိမ်းသတ်ရတဲ့ Manual Fire Protection Systems တွေ နဲ့ အလိုအလျှောက် ငြိမ်းသတ်ပေး နိုင်တဲ့ Automatic Fire Protection Systems တွေ ပါဝင် ပါတယ်။ မီးလောင်မှု ဖြစ်တာ ကို သတိပေးနိုင်ဘို့၊ မီးကို ထိန်းချုပ်နိုင်ဘို့ နဲ့ ငြိမ်းသတ် နိုင်မဲ့ စနစ်တွေ ဖြစ်တဲ့
Automatic Sprinklers (အလိုအလျှောက် ရေဖြန်း မီးသတ်စနစ်)၊
Stand pipe (Wet/Dry Risers) (အထပ်အလိုက် မီးသတ်သမားသုံးရန် မီးသတ် ရေဘုံဘိုင် ခေါင်း)
Fire Hydrants ( ခြံဝင်းအတွင်း နှင့် လမ်းဘေး တစ်လျှောက် တွေ့ရလေ့ ရှိသော အဆောက်အအုံ ပြင်ပသုံး မီးသတ် ရေဘုံဘိုင် ခေါင်းများ၊)
Fire Hosereels (အဆောက်အအုံ တွင်းသုံး မီးသတ် ရေပိုက်)
Fire and Smoke Detection (မီး၊ အပူ နဲ့ မီးခိုး တို့ကို အာရုံခံ အချက်ပေးစနစ်),
Gas Fire Suppression Systems ( မီးသတ် ဓာတ်ငွေ့သုံးစနစ် များ၊ Pyrogen, CO2, Inergen, Halon XXX, FM-200, NN100, etc. စသည်၊)
Portable Fire Extinguishers (အသင့်သုံး မီးသတ်ဘူးများ၊)
Smoke Spill / Smoke Control Systems (မီးခိုး ကိုပြယ်အောင် စုတ်ထုတ်တဲ့ စနစ် ၊ မီးခိုး ကိုထိန်းချုပ်တဲ့ စနစ်)၊
စသည်ဖြင့် ပါဝင်ပါတယ်။
ဒါတွေ အပြင် Fire Alarm (မီးလှန့် အချက်ပေး စနစ်) တွေ နဲ့ Communication Systems ဆက်သွယ်ရေး စနစ်တွေ ကတော့
မီးသတ်တပ်ဖွဲ့ အချင်းချင်း ဆက်သွယ် နိုင်ဘို့ အတွက် Fire Brigade communication Systems
အရေးပေါ် အခြေအနေ မှာ လူတွေ စနစ်တကျ Evacuate လုပ်နိုင်စေဘို့ ညွှန်ကြားပေးနိုင်ဘို့ အတွက်၊ Public Address Systems
တွေ ပါဝင်ရ ပါလိမ့်မယ်။
အရေးပေါ် အခြေအနေ မှာ သုံးလို့ ရမဲ့ Standby Power (Usually by Diesel Generator) ကို စဉ်းစားတဲ့ အခါ အောက်မှာ ဖော်ပြထားတဲ့ စက်ပစ္စည်း တွေ နဲ့ အရေးပေါ် လိုအပ်ချက် တွေ အပေါ် မှီပြီး တွက်ချက် ရပါမယ်။
Electric Fire Pumps
Emergency Command Center / Fire Command Center Equipment & Lighting
Fire Lifts (serving all floors)
Mechanical Equipment for Smoke Proof Enclosure
Power for Detection, Alarm, and Communication Systems
Emergency Lightings

No comments:

Post a Comment

follow by email

Featured Post

Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download

                                               Huawei  Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။...