Smoke,Flame,Heat Detector Mounting Location
Smoke Detector များနေချထားခြင်း
Spot-type smoke detector များ၏ area of coverage သည် 21 feet
(6.5m) ဖြစ်သည်။ Detector ကို ဗဟိုပြု၍ တိုင်းယူလျှင် အကယ်၍ အခန်း၏
အလျား(L) သိုမဟုတ် အနံ(W) သည် ပေ(၃၀) (9.1m) ထက် ပိုရှည် နေပါက
သိုမဟုတ် ဒေါင့်ဖြတ် diagonal measurement သည် 42 feet (13m) ထက်
ပိုရှည်နေပါက တစ်ခုထက် ပိုများသည့် detector ကို တပ်ဆင်ထားရန်
လိုအပ်သည်။ အခန်းတစ်ခုအတွင်း၌ တစ်ခုထက် ပိုများသည့် smoke
detector များကို တပ်ဆင်ထားသည့်အခါ national and local standards
များနှင့် manufacturer’s specifications များ အတိုင်း တပ်ဆင်ရမည်။
Smoke detector နှစ်ခု အကြား အကွာအဝေးသည် NFPA 72 အရ ပေ (၃၀) 30
feet (9m) apart ထက် ပိုမဝေးစေရ သိုမဟုတ် Fire detection and fire
alarm systems for buildings(BS 58391:2013) အရ 25 feet (9m)
apart ထက် ပိုမဝေးစေရ။
Heat Detector နေရာချခြင်း
(Placement) အခန်း၏ အရှည် သိုမဟုတ် အနံသည်(၃၄) မီတာ သိုမဟုတ် (၁၀)
မီတာထက်ပိုများလျှင် အာရုံခံ(sense) နိုင်မ ပိုကောင်း စေရန် (total
protection) အတွက် တစ်ခုထက်ပိုများသည့် detector များ တပ်ဆင်ထားရန်
လိုအပ်သည်။ အခန်းအတွင်း၌ တစ်ခုထက်ပိုများသည် detector များကို
တပ်ဆင်ထားပါက နေရာအကွာအဝေး သတ်မှတ်ရန် national and local standards
နှင့် manufacturer’s specifications တိုကို လိုက်နာရန် လိုအပ်သည်။
ဥပမာ- heat detector များကို BSI အရ တစ်ခုနှင့်တစ်ခု ၂၃ပေ(7m)
ထက် ပိုဝေးအောင် မတပ်ဆင်ရ။ heat detector များကို
အလယ်ဗဟိုနေရာ(center)မှ တိုင်းရမည်။
Flame Detector နေရာချခြင်း
(Placement) အရက်ပျံ(alcohol)၊ သုတ်ဆေး(paint)၊ သင်နာ(thinner)၊
ရေနံဆီ(gasoline) စသည် မီးလောင်နိုင်သည့် အရည်များ(combustible
liquids)ကြောင့် စတင် လောင်ကျွမ်းသည့် မီးများတွင်
မီးတောက်များ(flames) ပထမဦးစွာ စတင်(first indication) ဖြစ်ပေါ်
လာလေ့ရှိသည်။ ထိုကဲ့သို မီးအမျိုးအစား လောင်ကျွမ်းနိုင်သည့်
အခန်းများအတွက် flame detector ကို အသုံးပြုသင့်သည်။ Heat နှင့်
smoke detectors fire alarm system အများစု အတွက် သင့်လျော်သည်။
လိုအပ်လျှင် flame detector များကို အရံအဖြစ်(supplemental detection)
အသုံးပြုသင့်သည်။
Building တခုမှာ Fire Protection & Fighting System က်ုအကြမ်းဖျင်း ခွဲခြားကြည့်ရင်
1. Alarm Detection System
Heat,Smoke.Flame,Bells.Speaker
2. Hose Reel System
3. Fire Fighting(Rising Main)System
Wet/Dry Riser,Extinguisher
4. Sprinkler System
5.Suppression System ( Co2,FM200)
6. Foam System
ပါရှိတာတွေ့ရတယ်
်
1.Alarm Detection System
Detector များကိုမျက်နှာကြက်အမြင့်ဆုံးနေရာ (highest point of the ceiling) များတွင် တပ်ဆင်ကြသည်။
(@) Complete coverage ရရှိရန် အတွက် detector အရေအတွက်နှင့် တပ်ဆင်မည့်နေရာ(location)များကို ရွေးချယ် နေရာချသည်။
(b) ပုံမှန်အားဖြင့် detector (၁)ခုသည် (၃၅)စတုရန်း မီတာမှ
(၄၀)စတုရန်းမီတာ ကာကွယ်နိုင်သည်။ (35 to 40 sq.m per detector for general
application.)
(c) Main control room ၊ electronic cubicle room ၊
computer room စသည့် အခန်းများအတွက် (၂၀) စတုရန်းမီတာမှ (၂၅)စတုရန်းမီတာ(20
to 25 sq.m per detector) ကာကွယ်နိုင်သည်။
(d) အတိအကျ တပ်ဆင်ချင်သည့်အခါ၊ IS/NFPA ကို ကိုးကား၍ တွက်ချက်နိုင်သည်။
2.Hose Reel System( 25mm- 30m)
As a first line fight facility to be used by trained occupied in a fire system.
Using = Open stop fully
= Run out the hose
= Open the nozzle
= Aim the base Of fire
3. Fire Fighting System
Dry(Dry Rising Mains / Dry Risers)
Wet (Wet Rising Mains / Wet Risers)
Dry Riser ဆိုတာ ကပုံမှန် ရေဖြည့်မထားတဲ့ ပိုက်တွေ မို့ ခေါ်တာပါ။ သူ့ကို
Fire Engine တွေကတစ်ဆင့် ရေဖြည့်ပြီး အသုံးပြုရပါတယ်။ Wet Riser တွေကတော့
Pressurized Water နဲ့ဖြည့်ထားတာပါ။ စင်္ကာပူ၊ မလေးရှား မှာသုံးတဲ့ Landing
Valves တွေရဲ့ Hose connection size က 65mm (2-½”) ဖြစ်ပါတယ်။ NFPA မှာတော့
1-½” နဲ့ 2-½” ရှိပါတယ်။
ပုံမှန်အားဖြင့် Wet riser system တွေမှာ ပါဝင်တာတွေ ကတော့
Riser ပိုက်ထဲ ရေမောင်းထည့်ပေးဘို့ duty fire pump with standby pump တွေ
150mm diameter riser pipe နဲ့ အထပ်တိုင်း မှာ Canvas Hose ချိတ်ဆက် Connect လုပ်ဘို့ Landing Valves တွေ
မီးလောင်ရင် ပက်ဖြန်းဘို့ Canvas Hoses with nozzles တွေ
Canvas Hose တွေချိတ်တင်၊ ထားဘို့ အတွက် Hose cradle တွေ
System pressure ကို maintain လုပ်နိုင်ဘို့ အတွက် jockey pump လို့ခေါ်တဲ့ Pump အသေးစားလေးတွေ
တွေဖြစ်ကြပါတယ်။
4. Sprinkler System
မီးလောင်တာနဲ့ လူကလာသက်စရာမလိုပဲ အလိုအလျောက် ငြိမ်းသက်ပေးတာက သူ့ရဲ့ အဓိက အားသာချက်ပါပဲ။
မီးလောင်လို့ အပူချိန်တက်လာတာနဲ့ sprinkler ထိပ်မှာရှိတဲ့ ထိပ်ဖူး
(bulb) လေးက အရည်ပျော်ပြီး ရေပေါက်လေးပွင့်ကာ ရေ စ ဖြန်းပေးခြင်းဖြစ်ပါတယ်။
ဒေသရဲ့ အပူချိန် အဆောက်အဦး အခန်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဲဒီ
ထိပ်ဖူးလေးရဲ့ အပူခံနိုင်ချိန် ကကွာခြားပါတယ်။
။ ပိုက်ထဲမှာ ဖိအားကို
10 bar ထားထားပြီးတော့ ပိုက်ပေါက်လို့ဖြစ်စေ sprinkler point လေးတွေ
ကွဲလို့ဖြစ်စေ ဖိအားကျပြီး 7.4 bar ကိုရောက်တဲ့အခါမှာ jockey pump
ကစလည်မှာ ဖြစ်ပါတယ်။ sprinkler burst ဖြစ်တဲ့အခါမှာ ဖိအားက အလျှင်အမြန်
ကျဆင်းတာကြောင့် ဖိအားမနိုင်ဘဲ ဆက်ကျပြီး 6.4 bar ကိုရောက်ရင် duty pump စ
လည်ပါမယ်။ တကယ်လို့ duty pump လည်နေရဲ့သားနဲ့ ဖိအားက ဆက်ကျနေပြီး 5.1 bar
အထိရောက်တဲ့အခါမှာ standby pump ပါ လည်မှာဖြစ်ပါတယ်။
5. Suppression System
Gaseous Fire Suppression Systems
(ဓာတ်ငွေ့သုံး မီးသတ် စနစ်များ) ဆိုတာကတော့ inert gases တွေနဲ့ chemical
agents (မီးသတ်ပစ္စည်း၊ ဓာတ်ငွေ့) တွေ ကို အသုံးပြုပြီး မီးငြှိမ်းသတ် တဲ့
စနစ်တွေ ကို ခေါ်တာပါ။
Electrical Equipments တွေ ကြောင့် ဖြစ်တဲ့ (NFPA Class C / BS Class E Fire) တွေ ကိုငြှိမ်းသတ်ဘို့ အတွက် ပိုထိရောက်ပါတယ်။
ဒီလိုသုံးတဲ့ Agent (Gas) အများစု ကို အရည် (Liquid State under high
pressure) နဲ့ သိုလှောင် ထားလေ့ရှိပြီး အချို့ အမျိုးအစား တွေကို တော့ High
Pressure Compressed Gas အနေနဲ့ သိုလှောင်ထားလေ့ ရှိပါတယ်။ ဒီစနစ်မှာ
ပုံမှန် ပါလေ့ရှိတာတွေ ကတော့
the agent
agent storage containers (cylinders)
agent release valves
fire detectors
fire detection system (wiring control panel, actuation signaling),
agent delivery piping, and
agent dispersion nozzles.
မီးကို Fire Detection System က Detect လုပ် တွေ့ရှိ တဲ့အခါ ရှိနေတဲ့
လူတွေကို အသိပေး ဘို့ warning sign / signal လုပ်ပြီး တော့ သတ်မှတ်ထားတဲ့
အချိန် Delay ရောက်တဲ့ အခါမှာ တော့ ဒီစနစ် က agent dispersion nozzle ကနေ
ဒီ agent တွေကို ထုတ်လွှတ်ပေး ပါလိမ့်မယ်။
6. Foam System
Fire
Suppression Foam is comprised of 3 parts,Foam Concentrate,water,air.Whem
mixed correctly ,3parts foam a homogeneous foam blanket that
extinguishes flames by the combined mechanisms of cooling seperating the
flame source from the product surface,suppressing the vapors and
Smothering
လေ+ရေ +အမြှုပ် အပိုင်း၃ပိုင်းမှန်ကန်သော အချိုးအစားဖြစ်မှသာဖုံးအုပ်ငြှိမ်းသတ်ခြင်းO2ကိုဖြတ်တောက်ခြင်းလုပ်နိုင်ပေသည်
Subscribe to:
Post Comments (Atom)
Featured Post
Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download
Huawei Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။...
-
PSI ok,okx,ace version 230 OTA update (ဇယားကွက်) လုပ်မိသူများအတွက် မြန်မာလိုင်းများပြန်ထည့်ချင်သူများအတွက်ပါ။softwar e version မတူရင် ရချင်မ...
-
PSI ကို PC ဖြင့် Firmware တင်ခြင်း PSI အကြောင်း နားလည်သလောက် နည်းနည်း ရှင်းပြပါမယ်။ PSI Clone (တရုတ် အတု)တော်တော်များများ ...
-
PSI S2 AEC ကို DB ဖိုင် ထည့်နည်း Quote Post by SPY » Mon Jul 04, 2016 12:49 am ပထမ ဦးစွာ Menu ခလုတ်နှိပ်ပါ Pass...
No comments:
Post a Comment
follow by email